ချဲလ်ဆီး၊

January 21, 2018

ချဲလ်ဆီး၊ မန်ယူ၊ အာဆင်နယ်နှင့် မန်စီးတီးတို့ နိုင်ပွဲရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်များ (ရုပ်သံဟိုက်လိုက်)

မနေ့က ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ အသင်းကြီးအားလုံး နိုင်ပွဲအသီးသီး ရရှိခဲ့ကြပါတယ်။ မနေ့ည အစောပိုင်းပွဲစဉ်မှာတော့ ချဲလ်ဆီးအသင်းက ဘရိုင်တန်အသင်းကို အဝေးကွင်းမှာ ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိသွားပါတယ်။ ချဲလ်ဆီးအတွက် အနိုင်ဂိုးတွေကို ဟာဇက်က ၂ ဂိုး၊ ၀ီလီယံက ၁ ဂိုးနဲ့ မော့ဆက်က ၁ ဂိုးသွင်းယူခဲ့ကြတာပါ။ အာဆင်နယ်ကတော့ အိမ်ကွင်းမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အာဆင်အတွက် အနိုင်ဂိုးတွေကို မွန်ရီရဲလ်၊ အိုင်ဝိုဘီ၊ လောရမ့်နဲ့ လာကာဇက်တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အတွက် ချေပဂိုး  ၁ ဂိုးကိုတော့ မီလီဗိုဂျီဗစ်က သွင်းယူပေးခဲ့တာပါ။ အမှတ်ပေးဇယား ဒုတိယနေရာက မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ဘန်လေအသင်းကို အဝေးကွင်းမှာ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကစားခဲ့ရပြီး မာရှယ်ရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အမှတ်ပေးဇယား ပထမနေရာက မန်စီးတီးအသင်းကတော့ အိမ်ကွင်းမှာ နယူးကာဆယ်အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ မန်စီးတီးအတွက် အနိုင်ဂိုးတွေကို တိုက်စစ်မှူး အဂူရိုတဦးတည်းက ဟက်ထရစ်သွင်းယူခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်အတွက် ချေပဂိုး ၁ ဂိုးကိုတော့ မာဖီက သွင်းယူခဲ့တာပါ။ အမှတ်ပေးဇယားမှာတော့ မန်စီးတီးက ရမှတ် ၆၅ မှတ်နဲ့ အဆင့် ၁၊ မန်ယူက ၅၃ မှတ်နဲ့ အဆင့် ၂၊ ချဲလ်ဆီးက ရမှတ် ၅၀ နဲ့ အဆင့် ၃၊ အာဆင်နယ်ကတော့ ရမှတ် ၄၂ မှတ်နဲ့ အဆင့် ၆ မှာ အသီးသီး ရပ်တည်နေပါတယ်။
3 years Ago
Up