ချဲလ်ဆီးငြင်းဆို

August 26, 2018

ပေါင်သန်း ၂ ထောင်ကျော်ဖြင့် အသင်းရောင်းမည့်သတင်း ချဲလ်ဆီးငြင်းဆို

ရုရှားသူဌေး အေဗရာမိုဗစ်ခ်ျ ပိုင်ဆိုင်တဲ့ ချဲလ်ဆီး ဘောလုံးအသင်းကို စတာလင်ပေါင် သန်း ၂ ထောင်ကျော် တန်ကြေးနဲ့ ရောင်းချတော့မယ်ဆိုတဲ့ သတင်းတွေကို ချဲလ်ဆီး ဘောလုံးအသင်းက ငြင်းဆိုသွားပါတယ်။ ဗြိတိန်ထုတ် ဆန်းဒေးတိုင်းမ် သတင်စာမှာ ချဲလ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျဟာ ကလပ်ကို စတာလင်ပေါင် သန်း ၂ ထောင်ကျော်နဲ့ ရောင်းချဖို့ ကြိုးပမ်နေတယ်ဆိုတဲ့ သတင်းကိုဖော်ပြခဲ့တာပါ။ ဒါ့အပြင် ၂၀၁၅ ခုနှစ်က မန်စီးတီးအသင်းရဲ့ ရှယ်ယာ ၁၃ ရာခိုင်နှုန်းကို တရုတ်ရင်းနှီးမြှုပ်နှံသူတွေကို ရောင်းချခဲ့ရာမှာ ပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့တဲ့ အမေရိကန်စီးပွားရေးကျွမ်းကျင်သူတွေကို အေဗရာမိုဗစ်ခ်ျက ငှားရမ်းခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ အဲဒီလိုရောင်းချခဲ့မှုကြောင့် အသင်းရဲ့တန်ဖိုးဟာ စတာလင်ပေါင် ၁ ဒသမ ၉ ဘီလီယံထိ တန်ဖိုးတက်သွားစေခဲ့ပါတယ်။ ချဲလ်ဆီးအသင်းကို အခုနှစ်အစောပိုင်းက ဗြိတိန်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ဆာဘွဲ့ရ ဂျင်မ် ရက်ကလစ်ဖ်က ဝယ်ယူဖို့ စိတ်ဝင်စားခဲ့တယ်လို့ သတင်းထွက်ခဲ့သးတယ်လို့ Mirror သတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up