ချဲလ်ဆီးအသင်း လိဂ်ဝမ်းကလပ် ပီတာဘရော့ယူနိုက်တက်ကို ၄ ဂိုး ၁ ဂိုးဖြင့်နိုင်

January 9, 2017

ချဲလ်ဆီးအသင်း လိဂ်ဝမ်းကလပ် ပီတာဘရော့ယူနိုက်တက်ကို ၄ ဂိုး ၁ ဂိုးဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)

ဇန်နဝါရီ ၈ ရက်ညက ယှဉ်ပြိုင်တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းက အင်္ဂလန်လိဂ်ဝမ်းကလပ် ပီတာဘရော့ယူနိုက်တက်ကို ၄ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး နောက်တဆင့် တက်သွားပါတယ်။ ချဲလ်ဆီးဟာ ဒီပွဲမှာ အရန်ကစားသမားတချို့ ပွဲထွက်အသုံးပြုခဲ့ပေမယ့် လိဂ်ဝမ်းကလပ်ကို ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်တွေမှာပါ အသာစီးရယူ ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးနဲ့အတူ ပထမပွဲထွက် ကစားသမားအဖြစ် ပြန်လည်ပါဝင်လာခဲ့တဲ့ အသင်းခေါင်းဆောင် ဂျွန်တယ်ရီ ပွဲချိန် ၆၇ မိနစ်မှာ တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ ချဲလ်ဆီးအတွက် အနိုင်ဂိုးတွေကို ၁၈ မိနစ်နဲ့ ၇၅ မိနစ်မှာ ပက်ဒရို၊ ၄၃ မိနစ်မှာ ဘတ်ရှူးအာယီနဲ့ ၅၂ မိနစ်မှာ ဝီလီယံစ်တို့က သွင်းယူပေးခဲ့ပါတယ်။ ပီတာဘရော့အတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် မိနစ် ၇၀ မှာ နစ်ခိုးလ်စ်က သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးအတွက် ခြေစွမ်းပြပြီး ၂ ဂိုးသွင်းယူပေးခဲ့တဲ့ ပက်ဒရိုကို အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။
5 years Ago
Up