ချဲလ်ဆီးအသင်းကို ဒီထက်ပိုပြီး တိုးတက်ဖို့အတွက် အချိန်ယူရလိမ့်မယ်လို့ နည်းပြ ကွန်တီက ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ နောက်ဆုံး ကစားတဲ့ ၂ ပွဲမှာ လီဗာပူးကို ရှုံးထားပြီး ဆွမ်ဆီးနဲ့ သရေ ကျထား ပါတယ်။
လောလောဆယ် ချဲလ်ဆီးအသင်းရဲ့ ကစားပုံနဲ့ ပက်သက်လို့ ဝေဖန်မှုတွေနဲ့ ကြုံနေရပါတယ်။
အသက် ၄၇ နှစ်အရွယ် နည်းပြ ကွန်တီက အသင်းကို တည်ဆောက်နေတဲ့အပေါ် ယုံကြည်မှု အပြည့် ရှိပြီး တိုးတက်လာ လိမ့်မယ်လို့ ပြောပါတယ်။
နည်းပြ ကွန်တီဟာ ချဲလ်ဆီးရဲ့ အသင်း ၁၂ ယောက်မြောက် နည်းပြလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ဒီညမှာ အာစင်နယ်နဲ့ ထိပ်တိုက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
4 years Ago