ချဲလ်ဆီးအသင်းအတွက် တိုက်စစ်မှူးခေါ်ယူရန် လိုအပ်ဟု နည်းပြ ပြော

January 29, 2018

ချဲလ်ဆီးအသင်းအတွက် တိုက်စစ်မှူးခေါ်ယူရန် လိုအပ်ဟု နည်းပြ ပြော

အသင်းမှာ တိုက်စစ်မှူး ၂ ဦးပဲ ရှိတာနဲ့ပတ်သက်ပြီး အသင်းဘက်က အကောင်းဆုံး ကစားသမားခေါ်ယူမှု ပြုလုပ်ပေးဖို့ မျှော်လင့်တယ်လို့ ချဲလ်ဆီးနည်းပြ ကွန်တီက ပြောလိုက်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ မပိတ်ခင်မှာ ရိုးမားတိုက်စစ်မှူး ဒီဇီကိုကို ခေါ်ယူဖို့ ဆွေးနွေးနေတာပါ။ ချဲလ်ဆီးမှာ တခြားအသင်းတွေလို တိုက်စစ်မှူး လေးငါးဦးမရှိဘဲ မိုရာတာနဲ့ ဘတ်ရှူးအာယီ ၂ ဦးပဲရှိတာကြောင့် နောက်ထပ် တိုက်စစ်မှူးခေါ်ယူဖို့ လိုတယ်လို့ ကွန်တီက ဆိုပါတယ်။ ချဲလ်ဆီးအသင်းဟာ တိုက်စစ်နေရာအတွက် ပရီးမီးယားလိဂ်ကလပ်  မန်စီးတီးမှာ ကစားဖူးတဲ့ ဘော့စနီးယားတိုက်စစ်မှူး ဒီဇီကိုကိုခေါ်ယူဖို့ နီးစပ်နေပြီး အပြောင်းအရွှေ့မပိတ်ခင် ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ရမှာဖြစ်တယ်လို့ ကွန်တီက ဆိုပါတယ်။ ချဲလ်ဆီးအသင်းမှာ အဓိကတိုက်စစ်မှူး မိုရာတာ ဒဏ်ရာရနေတာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဟာဇက်ကို တိုက်စစ်မှူးနေရာထားပြီး ကစားနေပါတယ်။
4 years Ago
Up