ချဲလ်ဆီးအသင်းသည် အိမ်ရာအသစ်ဖြစ်ဟု ကိုရင်သီယန် တိုက်စစ်မှူး ပါတိုပြော

January 28, 2016

ချဲလ်ဆီးအသင်းသည် အိမ်ရာအသစ်ဖြစ်ဟု ကိုရင်သီယန် တိုက်စစ်မှူး ပါတိုပြော

အင်္ဂလန် ပရီးမီးယားလိဂ်က ချဲလ်ဆီးအသင်းဟာ အိမ်ရာအသစ် ဖြစ်တယ်လို့ ဘရာဇီးကလပ် ကိုရင်သီယန်ကနေ ပြောင်းရွှေ့ဖို့ လုပ်ဆောင်နေတဲ့ တိုက်စစ်မှူး ပါတိုက ပြောလိုက်ပါတယ်။ အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူး ပါတိုဟာ ချဲလ်ဆီးကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားဖို့ နီးစပ်နေပြီး လောလောဆယ်မှာ အင်္ဂလန်ကို ရောက်ရှိနေပါတယ်။ ချဲလ်ဆီးအတွက် တကယ်ကို ကစားပေးချင်ပါတယ်လို့လည်း ပါတိုက ပြောပါတယ်။ ချဲလ်ဆီးအသင်းဘက်ကတော့ ပါတိုအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး တစုံတရာ အတည်ပြု ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ ဘရာဇီးတိုက်စစ်မှူး ပါတိုဟာ ပြီးခဲ့တဲ့ ၂ ရာသီလုံးမှာ ဆော်ပေါ်လိုအသင်းမှာ အငှားစာချုပ်နဲ့ သွားရောက် ကစားခဲ့ပါတယ်။ ပါတိုဟာ အေစီမီလန်မှာ ကစားချိန်တွေအတွင်း ခြေစွမ်းပြ အောင်မြင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ခြေစွမ်းမပြနိုင်လို့ ဘရာဇီးကလပ်မှာ သွားရောက် ကစားနေတာပါ။ သူဟာ ဘရာဇီးအသင်းအတွက် ၂၅ ပွဲ ကစားပေးထားပြီး ၁၀ ဂိုး သွင်းယူထားပါတယ်။
7 years Ago
Up