ချဲလ်ဆီးအသင်းဟာ စံချိန်တင် အင်္ကျီစပွန်ဆာစာချုပ်အဖြစ် Nike ကုမ္ပဏီနဲ့ ပေါင်သန်း ၉၀၀ တန်ကြေးရှိ စပွန်ဆာစာချုပ် ချုပ်ဆိုလိုက်ပါတယ်။
ဒီပမာဏဟာ ချဲလ်ဆီးအသင်းရဲ့ သမိုင်းတစ်လျှောက် တန်းဖိုးအများဆုံး စပွန်ဆာစာချုပ် ချုပ်ဆိုမှုဖြစ်ခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ Adidas ကုမ္ပဏီနဲ့ ၆ နှစ်စာ စာချုပ်ကို ဖျက်သိမ်းပြီး အမေရိကန် အားကစားပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ Nike နဲ့ စာချုပ် ချုပ်ဆိုခဲ့တာပါ။
ချဲလ်ဆီးအသင်းအနေနဲ့ တနှစ်အတွက် ပေါင်သန်း ၆၀ ရရှိမှာဖြစ်ပြီး ၁၅ နှစ်စာ စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
Nike ကုမ္ပဏီအနေနဲ့ လာမယ့် ၂၀၁၇-၂၀၁၈ ဘောလုံးရာသီကစလို့ ချဲလ်ဆီးအသင်းကို စတင်ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။
အင်္ဂလန် ပရီးမီးယားလိဂ်မှာ အင်္ကျီစပွန်ဆာစာချုပ် တန်ကြေးအများဆုံးအဖြစ် မန်ယူအသင်းက Adidas နဲ့ ၁၀ နှစ်စာအတွက် ပေါင်သန်း ၇၅၀ တန်ဖိုးရှိတဲ့ စပွန်ဆာစာချုပ် ချုပ်ဆိုထားပါတယ်။
4 years Ago