ချဲလ်ဆီးအသင်းကို အနိုင်ရ

A d v e r t i s e m e n t With Us

September 25, 2016

ချဲလ်ဆီးအသင်းကို အနိုင်ရတဲ့ပွဲဟာ ကျေနပ်စရာအကောင်းဆုံးဟု အာဆင်နယ်နည်းပြပြော

ချဲလ်ဆီးအသင်းကို အနိုင်ယူခဲ့တဲ့ပွဲဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျေနပ်စရာ အကောင်းဆုံးနိုင်ပွဲ တပွဲဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကပြောပါတယ်။ အာဆင်နယ်အသင်းဟာ လန်ဒန်ဒါဘီပြိုင်ဘက်ချဲလ်ဆီး အသင်းကို ပထမပိုင်းကတည်းက ၃ ဂိုး ပြတ်နဲ့အနိုင်ရခဲ့ပြီး ဒီရလဒ်ဟာ အာဆင်နယ်အသင်းရဲ့ နိုင်ပွဲတွေထဲမှာ စွမ်းဆောင်ရည် အကောင်းဆုံးဖြစ်တယ်လို့ အာစင်ဝင်းဂါးပြောဆိုလိုက်တာပါ။ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အာဆင်နယ်အသင်းဟာ ချဲလ်ဆီးအသင်းကို ၂၀၁၁ ခုနှစ် နောက်ပိုင်းအနိုင်ရဖူးခြင်းမရှိခဲ့ဘဲ ၅ နှစ် အကြာမှာ အခု လိုပရီးမီးယားလိဂ် ဂိုးပြတ်နိုင်ပွဲပြန်လည် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ပွဲမှာ အာဆင်နယ်ကစားသမားတွေရဲ့ နေရာယူရွှေ့လျားပုံနဲ့ ကစားပုံဟာ အကောင်းဆုံးပုံစံရခဲ့ပြီး လိုချင်တဲ့ကစားပုံအတိုင်း ကစားနိုင်ခဲ့ တယ်လို့လည်း အာစင်ဝင်းဂါးက ချီးကျူးပြောကြားခဲ့ပါတယ်။
4 years Ago
Up