ချဲလ်ဆီးအသင်းကို တရားဥပဒေအရ ဆောင်ရွက်သွားမည်ဟု ဒီယေဂိုကော်စတာ ပြော

August 4, 2017

ချဲလ်ဆီးအသင်းကို တရားဥပဒေအရ ဆောင်ရွက်သွားမည်ဟု ဒီယေဂိုကော်စတာ၏ ရှေ့နေ ပြော

တိုက်စစ်မှူး ဒီယေဂိုကော်စတာအပေါ်မှာ ချဲလ်ဆီးအသင်းရဲ့ ပြုမူဆက်ဆံပုံတွေနဲ့ ပတ်သက်ပြီး တရားဥပဒေအရ ဆောင်ရွက်သွားမယ်လို့  ကော်စတာရဲ့ ရှေ့နေဖြစ်သူက ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးနည်းပြ ကွန်တီဟာ ဒီယေဂိုကော်စတာကို အသင်းရဲ့ အနာဂတ်အစီအစဉ်တွေမှာ ပါဝင်မှာမဟုတ်တော့ဘူးလို့ မက်ဆေ့ခ်ျပို့ အကြောင်းကြားခဲ့ပြီး ဒါဟာ ကစားသမားတဦးအပေါ် လေးစားမှုမရှိတဲ့ လုပ်ရပ်ဖြစ်ပြီး တရားမျှတမှု မရှိဘူးလို့ ကော်စတာရဲ့ ရှေ့နေဖြစ်သူ ရီကာဒို ကာဒိုဆိုက စွပ်စွဲလိုက်တာပါ။ ဒီယေဂိုကော်စတာအနေနဲ့လည်း ဒီလိုနည်းပြ ကိုင်တွယ်နေတဲ့အသင်းမှာ ဆက်ပြီး ကစားတော့မှာမဟုတ်ဘဲ ဥပဒေကြောင်းအရ ဖြစ်နိုင်ဖွယ်ရှိတဲ့ တောင်းဆိုချက်တွေနဲ့ အသင်းကနေ ထွက်ခွာခွင့်ရဖို့ ကြိုးစားသွားမယ်လို့လည်း ကော်စတာရဲ့ ရှေ့နေဖြစ်သူက ဆိုပါတယ်။ ကော်စတာကို အေစီမီလန်အသင်းက အငှားနဲ့ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ချဲလ်ဆီးအသင်းက ပယ်ချခဲ့ပါတယ်။ တိုက်စစ်မှူး ဒီယေဂိုကော်စတာအနေနဲ့ အသင်းဟောင်း အက်သလက်တီကို မက်ဒရစ်အသင်းဆီ ပြန်လည် ပြောင်းရွှေ့လိုနေပေမယ့် ကလပ်နှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေးကိစ္စ အဆင်မပြေသေးသလို အက်သလက်တီကိုအသင်း အနေနဲ့လည်း ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခံထားရပါတယ်။
4 years Ago
Up