ချဲလ်ဆီးအသင်း

July 19, 2019

ချဲလ်ဆီးအသင်း နည်းပြလမ်းပတ်ကို ဂျပန်ပရိသတ်များ လာရောက်အားပေး

ဂျပန်နိုင်ငံမှာ ခြေစွမ်းပွဲတွေ ကစားဖို့ရောက်ရှိနေတဲ့ ချဲလ်ဆီးအသင်းဟာ နည်းပြလမ်းပတ်ရဲ့ ဦးဆောင်မှုအောက်မှာ လေ့ကျင့်ခန်းတွေ စဆင်းနေပြီလို့ သိရပါတယ်။ ဂျပန် J လိဂ်ချန်ပီယံ ကာဝါဆာကီ ဖရန့်တေးလ်အသင်းနဲ့ ခြေစမ်းပွဲကစားဖို့ ပြင်ဆင်နေတဲ့ လမ်းပတ်ကို ပရိသတ်အတော်များများ လာရောက်အားပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဂန္တဝင်ကစားသမား လမ်းပတ်လို့ ရေးသားထားတဲ့ စာသားကိုင်ဆောင်ထားတဲ့ ပရိသတ်တချို့ကို တွေ့ခဲ့ရပါတယ်။ နည်းပြဆာရီ ထွက်ခွာသွားခဲ့ပြီးတဲ့နောက် ချဲလ်ဆီးအသင်းဟာ နာမည်ကြီး နည်းပြတွေကို ခန့်အပ်ဖို့ သတင်းတွေထွက်ခဲ့ပေမယ့် ကစားသမားဟောင်းဖြစ်ပြီး ဒါဘီကောင်တီအသင်းကို အကောင်းဆုံး စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြလမ်းပတ်ကိုပဲ တာဝန်လွှဲအပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
2 years Ago

August 8, 2018

ဘီလ်ဘာအို ဂိုးသမား အရစ်ဇာဘလာဂါကို ချဲလ်ဆီးအသင်း ခေါ်ယူရန် သဘောတူ

ချဲလ်ဆီးအသင်းဟာ ဘီလ်ဘာအို ဂိုးသမား အရစ်ဇာဘလာဂါကို စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် ၇၂ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပြီလို့ သိရပါတယ်။ အသက် ၂၃ နှစ်ရှိ စပိန်လက်ရွေးစင် ဂိုးသမား အရစ်ဇာဘလာဂါအနေနဲ့ လန်ဒန်မြို့ကို ဆေးစစ်ဖို့ ရောက်ရှိနေပြီး မကြာမီ အပြီးသတ် စာချုပ် ချုပ်ဆိုတော့မယ်လို့ ဆိုပါတယ်။ ဒီအခြေအနေကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ အသင်းရဲ့ ဂိုးသမား ကော့တွိုက်နဲ့ ပတ်သက်ပြီး ရီးရဲလ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ရှိနေပါတယ်။ ဂိုးသမားတွေထဲမှာ လီဗာပူးဂိုးသမား အလက်ဆန်က ပေါင် ၆၆ ဒသမ ၈ သန်းနဲ့ တန်ဖိုးမြင့်ဆုံး ကစားသမားအဖြစ် စံချိန်တင်ထားတာဖြစ်ပြီး အရစ်ဇာဘလာဂါက တန်ဖိုးအကြီးဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်မှာလည်း ဖြစ်ပါတယ်။
3 years Ago

ချဲလ်ဆီးအသင်း ၃ လလောက်ကြာမှ အကောင်းဆုံးပုံစံ ရရှိနိုင်ဟု နည်းပြပြော

ချဲလ်ဆီးအသင်းရဲ့ အကောင်းဆုံးပုံစံကို ၃ လလောက်ကြာမှ ရရှိနိုင်မယ်လို့ နည်းပြသစ်ဆာရီက သတိပေးပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးကစားသမားတွေနဲ့အတူ လက်တွဲအလုပ်လုပ်ရတာကို ပျော်ရွှင်မိပြီး အကောင်းဆုံးပုံစံကိုတော့ နောက်ထပ် ၂ လ၊ ၃ လလောက်မှ ရနိုင်လိမ့်မယ်လို့ လိုင်ယွန်အသင်းနဲ့ ခြေစမ်းပွဲအပြီးမှာ နည်းပြ ဆာရီက ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ၀ီလီယံ၊ ဟာဇက်၊ လော့ဖ်တပ်ချိခ်၊ ဗစ်တာမော့ဆက်၊ ကန်တီ၊ အိုလီဗီယာဂျရူး၊ ကော့တွိုက် စတဲ့ ကစားသမားတွေဟာ ကမ္ဘာ့ဖလားပွဲတွေ ကစားခဲ့ရလို့ နောက်ကျပြီးမှ အသင်းနဲ့ ပူးပေါင်းနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် ဟတ်ဒါဖီးလ်အသင်းနဲ့ စတင်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
3 years Ago
More News
Up