ချဲလ်ဆီးကွင်းလယ်လူ မီခေးလ်ဟာ လာမယ့် ဇန်န၀ါရီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ဆိုပါတယ်။
အသက် ၂၉ နှစ်ရှိ နိုင်ဂျီးရီးယားလက်ရွေးစင် မီခေးလ်ဟာ ဒီနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ချဲလ်ဆီးအသင်းက စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းတာ မရှိဘူးဆိုရင် ဇန်န၀ါရီမှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ မီခေးလ်က ပြောဆိုလိုက်တာပါ။
ချဲလ်ဆီးမှာ ၁၁ နှစ်ကြာ ကစားခဲ့ပြီး မိမိရဲ့အိမ်လိုဖြစ်နေတဲ့ ချဲလ်ဆီးအသင်းမှာ ဆက်လက်ကစားလိုပေမယ့် လက်ရှိအချိန်အထိ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခြင်း မရှိသေးဘူးလို့လည်း မီခေးလ်က ဆိုပါတယ်။
မီခေးလ်ဟာ ၂၀၀၆ ခုနှစ်ကတည်းက နော်ဝေကလပ် လန်းကနေ ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့လာတာဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း ၃၇၂ ပွဲအထိ ကစားထားပြီး ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် ဆုဖလားတွေ အပါအ၀င် ချဲလ်ဆီးအသင်းနဲ့အတူ ဆုဖလား ၁၀ လုံး ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
4 years Ago