ချဲလ်ဆီးနည်းပြပြော

September 29, 2018

ဟာဇက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဖြစ်လာနိုင်ဟု ချဲလ်ဆီးနည်းပြပြော

တိုက်စစ်မှူး ဟာဇက်ဟာ ကမ္ဘာ့အကောင်ဆုံး ဘောလုံးသမားတယောက် ဖြစ်လာနိုင်တယ်လို့ ချဲလ်ဆီး နည်းပြဆာရီက ထုတ်ဖော်ပြောပါတယ်။ အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူး ဟာဇက်အနေနဲ့ သူ့မှာရှိတဲ့ အစွမ်းအစတွေကို အကုန်ထုတ်သုံးနိုင်ရင် အကောင်းဆုံး ကစားသမားဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ ဟာဇက်ရဲ့ အရည်အချင်းတွေကို အများဆုံး ၈၀ ရာခိုင်နှုန်းလောက်အထိပဲ တွေ့ရသေးတယ်လို့ ချဲလ်ဆီးနည်းပြက ဆိုပါတယ်။ ဘယ်လ်ဂျီယံ တိုက်စစ်မှူး ဟာဇက်ဟာ ဒီနှစ်ရာသီမှာ ချဲလ်ဆီးအတွက် ကစားပေးထားတဲ့ ၇ ပွဲမှာ ၆ ဂိုး သွင်းယူပြီး ခြေစွမ်းပြ ကစားထားပါတယ်။ ချဲလ်ဆီးဟာ ဒီည အိမ်ကွင်းမှာ လီဗာပူးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
3 years Ago

September 25, 2018

လီဗာပူးကိုလိုက်မီရန် အချိန်တနှစ်ခန့် ကြိုးစားရနိုင်ဟု ချဲလ်ဆီးနည်းပြပြော

လီဗာပူးအသင်းကိုမီဖို့ အချိန်တစ်နှစ်လောက် ကြိုးစားရနိုင်တယ်လို့ ချဲလ်ဆီးနည်းပြ ဆာရီက ပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းက နည်းပြနဲ့ ၃ နှစ်လောက် အတူလေ့ကျင့်ထားတဲ့ အသင်းဖြစ်လို့  အသင်းကောင်းတသင်းဖြစ်ပြီး မိမိတို့အသင်းကတော့ ရက်ပေါင်း ၄၀ လောက်ပဲ အတူလေ့ကျင့်ရသေးတဲ့အတွက် ကွာခြားချက်ရှိတယ်လို့ ဆာရီကဆိုပါတယ်။ နောက်ထပ်တစ်နှစ်လောက်ဆက်ပြီး အတူတကွ လေ့ကျင့်မယ်ဆိုရင် လီဗာပူးအသင်းရဲ့ ခြေစွမ်းအနေအထားကို ရောက်ရှိနိုင်တယ်လို့ ချဲလ်ဆီးနည်းပြ ဆာရီ ကပြောပါတယ်။ လီဗာပူးအသင်းဟာ အခုနှစ်ပရီးမီးယားလိဂ်ရာသီအဖွင့် ၆ ပွဲစလုံးအနိုင်ရထားပါတယ်။ ချဲလ်ဆီးအသင်းကတော့ ၅ပွဲနိုင် တစ်ပွဲသရေကျထားလို့ ၂ မှတ်အကွာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာပါ။ ချဲလ်ဆီးနဲ့လီဗာပူးအသင်းတို့ဟာ လိဂ်ရှုံးထွက်ဖလားပွဲစဉ်အဖြစ် လာမယ့် ဗုဒ္ဓဟူးနေ့မှာ ထိပ်တိုက်တွေ့ဆုံနေပါတယ်။
3 years Ago
Up