၂၀၁၉ ခုနှစ်မှာ ချဲဆီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဂိုးသမားကော်တိုရစ်ဟာ စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ ရှိတယ်လို့ The Sun သတင်းစာက ဖော်ပြပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကော်တိုရစ်ဟာ ချဲလ်ဆီးအသင်းက စာချုပ်သစ် ချုပ်ဆိုချင်ပေမယ့်လည်း ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။
ချဲလ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ် ဆွတ်ခူးထားခဲ့တဲ့ ကော်တိုရစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖို့ရှိနေလို့ ချဲလ်ဆီးအသင်းအနေနဲ့ နစ်နာဖွယ်ရှိနေပါတယ်။
ကော်တိုရစ်ဟာ စပိန်လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်အသင်းမှာလည်း ကစားခဲ့ဖူးပြီး ဂိုးကန်သွင်းချက်တွေကို အဆုံးသတ်သူလို့ နာမည်ကြီးခဲ့သူလည်း ဖြစ်ပါတယ်။
ကော်တိုရစ်ဟာ မိသားစုကို ခင်တွယ်သူဖြစ်ပြီး သားသမီးတွေကိုလည်း သေလောက်အောင်ချစ်တာကြောင့် လာမယ့်နှစ် အနည်းငယ်အတွင်းမှာ မိသားစုနေထိုင်တဲ့ စပိန်ကို ပြန်မသွားသင့်ဘူးလားဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။
ဒါ့ကြောင့် စာချုပ်သက်တမ်း တိုးခြင်းမတိုးခြင်းနဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ဖို့ အချိန်ယူချင်ကြောင်း ပြောပါတယ်။
ကော်တိုရစ်ဟာလာမယ့် ကမ္ဘာ့ဖလားမှာ ဘယ်လ်ဂျီယံအသင်းနဲ့အတူ တောက်ပလာမယ့် ဂိုးသမားတဦးအဖြစ် သတ်မှတ်ခံထားရပြီးတော့ အသက်အရွယ်အရ အကောင်းဆုံး လက်စွမ်းမှာရှိနေတယ်လို့ သုံးသပ်နေကြပါတယ်။
3 years Ago