ချဲလ်ဆီးက အဲဗာတန်ကို ၅ ဂိုးပြတ်အနိုင်ရ၊ မန်စီးတီး ၁-၁ မစ်ဒယ်ဘရော့ (ရုပ်သံဟိုက်လိုက်)

A d v e r t i s e m e n t With Us

November 6, 2016

ချဲလ်ဆီးက အဲဗာတန်ကို ၅ ဂိုးပြတ်အနိုင်ရ၊ မန်စီးတီး ၁-၁ မစ်ဒယ်ဘရော့ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ ချဲလ်ဆီးအသင်းက အဲဗာတန်အသင်းကို ၅ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး မန်စီးတီးအသင်းကတော့ မစ်ဒယ်ဘရော့အသင်းနဲ့ ၁ ဂိုးစီ သရေကျသွားပါတယ်။ ချဲလ်ဆီးအသင်းဟာ အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ဂိုးကန်သွင်းခွင့်တွေလည်း အကြိမ်ကြိမ်ရရှိခဲ့ပြီး ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ဟာဇက်က ၂ ဂိုး၊ ကောစတာ်၊ ပက်ဒရိုနဲ့ အလွန်ဆိုတို့က ၁ ဂိုးစီ သွင်းယူပြီး ၅ ဂိုးပြတ်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယားမှာ ရမှတ် ၂၅ မှတ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး အဲဗာတန်အသင်းကတော့ ရမှတ် ၁၈ မှတ်နဲ့ အဆင့် ၆ မှာ ရပ်တည်နေပါတယ်။ တခြားပွဲစဉ်တခုမှာတော့ မန်စီးတီးအသင်းက အိမ်ကွင်းမှာ မစ်ဒယ်ဘရော့နဲ့ ၁ ဂိုးစီ သရေကျသွားပါတယ်။ မန်စီးတီးအတွက် ဂိုးကို တိုက်စစ်မှူးအဂူရိုက ပွဲချိန် ၄၃ မိနစ်မှာ သွင်းယူခဲ့တာ ဖြစ်ပြီး မစ်ဒယ်ဘရော့အသင်းအတွက် ချေပဂိုးကိုတော့ ပွဲပြီးခါနီး မိနစ် ၉၀ မှ ဒီဘရွန်းက သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အမှတ်ပေးဇယားမှာ မန်စီးတီးအသင်းဟာ ရမှတ် ၂၄ မှတ်နဲ့ အဆင့် ၂ မှာ ရပ်တည်နေပြီး မစ်ဒယ်ဘရော့အသင်းကတော့ ရမှတ် ၁၁ မှတ်နဲ့ အဆင့် ၁၄ မှာ ရပ်တည်နေပါတယ်။
4 years Ago
Up