ချဲလ်ဆီးက အဲဗာတန်ကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ

August 28, 2017

ချဲလ်ဆီးက အဲဗာတန်ကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ည အစောပိုင်းက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးက အဲဗာတန်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ချဲလ်ဆီးက ခြေအသာ၊ ကစားကွက်အသာနဲ့ ယှဉ်ပြိုင်သွားပါတယ်။ ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးကို ၂၇ မိနစ်မှာ ကွင်းလယ်လူ ဖာဘရီဂတ်စ်က သွင်းယူပါတယ်။ ဒီပွဲမှာ အဲဗာတန်အသင်း ရုန်းကန်ကစားသွားရပြီး ထိထိရောက်ရောက် ထိုးဖောက်နိုင်ခြင်း မရှိပါဘူး။ ချဲလ်ဆီးအတွက်တော့ ဒုတိယဂိုးကိုတော့ မိနစ် ၄၀ မှာ မိုရာတာက ခေါင်းတိုက် သွင်းယူပါတယ်။ ချဲလ်ဆီးအတွက်တော့ ဒုတိယမြောက်နိုင်ပွဲ ရသွားတာ ဖြစ်ပါတယ်။ ဒီပွဲနိုင်တဲ့ ချဲလ်ဆီးက ၆ မှတ်နဲ့ အဆင့် ၆ မှာ ရပ်တည်နေပြီး အဲဗာတန်ကတော့ ၄ မှတ်နဲ့ အဆင့် ၁၂ မှာ ရှိနေပါတယ်။
4 years Ago
Up