ချဲလ်ဆီးက အာဆင်နယ်ကို ၃-၁ ဂိုးဖြင့် အနိုင်ယူ (ရုပ်သံ)

February 5, 2017

ချဲလ်ဆီးက အာဆင်နယ်ကို ၃-၁ ဂိုးဖြင့် အနိုင်ယူ (ရုပ်သံ)

ဖေဖော်ဝါရီ ၄ ရက်နေ့ညက အစောဆုံး ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးက အာဆင်နယ်ကို  ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ချဲလ်ဆီးဟာ အိမ်ကွင်း ပရိသတ်တွေရှေ့မှာ သက်သောင့်သက်သာနဲ့ပဲ အနိုင်ရသွားပါတယ်။ ဦးဆောင်ဂိုးကို ပွဲအစ ၁၃ မိနစ်မှာ အလွန်ဆိုက သွင်းယူပါတယ်။ နှစ်သင်းလုံး ဒီပွဲမှာ လူစုံထုတ် ယှဉ်ပြိုင်သွားပြီး ချဲလ်ဆီးက ၃-၄-၃၊ အာစင်နယ်က ၄-၂-၃-၁ ကစားကွက်နဲ့ ပွဲထွက်လာတာပါ။ အာဆင်နယ်က ဘောလုံးပိုင်ဆိုင်မှု သာပေမယ့် ထိုးဖောက်ကန်သွင်းခွင့်ကတော့ အပြန်အလှန် ရခဲ့ပါတယ်။ ချဲလ်ဆီးအတွက် ဒုတိယဂိုးကို ၅၃ မိနစ်မှာ တိုက်စစ်မှူး ဟာဇက်က သွင်းယူပါတယ်။ နောက်ဆုံးဂိုးကို ၈၅ မိနစ်မှာ ကွင်းလယ်သမား ဖာဘရီဂတ်စ်က သွင်းယူပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာတုန်းက  အာဆင်နယ်ကို ၃ ဂိုးပြတ်နဲ့ အရှုံးပေးလိုက်ရတဲ့ ရှုံးကြွေးကို ဒီပွဲမှာ ပြတ်ဆပ်နိုင်ခဲ့ပါတယ်။ ဒီပွဲနိုင်လို့ ချဲလ်ဆီးဟာ အမှတ်ပေးဇယားထိပ်မှာ ၅၉ မှတ်နဲ့ ဦးဆောင်နေပြီး အာဆင်နယ်က ၄၇ မှတ်နဲ့ အဆင့် ၃ မှာ ရပ်တည်နေပါတယ်။
4 years Ago
Up