အင်္ဂလန် ပရီးမီးယားလိဂ်က ချဲလ်ဆီး ကွင်းလယ်ကစားသမား ရာမီရက်စ်ဟာ တရုတ်စူပါလိဂ်ကလပ် ဂျန်ဆု ဆန်နင်အသင်းကို ပြောင်းရွှေ့သွားပါတယ်။
တရုတ်ကလပ် ဂျန်ဆုက ဘရာဇီး ကွင်းလယ်လူ ရာမီရက်စ်ကို ပေါင် ၂၅ သန်းပေးပြီး ခေါ်ယူသွားတာ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြနေပေမယ့် ချဲလ်ဆီးကတော့ တရားဝင် ထုတ်ပြန်တာ မရှိပါဘူး။
အသက် ၂၈ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဒီနှစ်ရာသီမှာ ပုံမှန် ပွဲထွက်ခွင့်မရဘဲ ပရီးမီးယားလိဂ် ၇ ပွဲသာ ကစားခွင့်ရထားလို့ အသင်းပြောင်းသွားတာ ဖြစ်ပါတယ်။
သူဟာ ၂၀၁၀ ခုနှစ်မှာ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းကနေ ချဲလ်ဆီးကို ရောက်ရှိလာတာဖြစ်ပြီး ပွဲပေါင်း ၂၅၁ ပွဲ ကစားပေးထားကာ ၃၄ ဂိုး သွင်းယူထားပါတယ်။
ရာမီရက်စ်ဟာ တရုတ်စူပါလိဂ်ကလပ်ကို ဒီနှစ်ရာသီထဲမှာ နောက်ဆုံး ပြောင်းရွှေ့လာတဲ့သူလည်း ဖြစ်ပါတယ်။
တရုတ်ကလပ်တွေမှာ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဘာ၊ ဆန်းဒါးလန်း တိုက်စစ်မှူး အဆာမိုဂျန်၊ စပါးကွင်းလယ်ကစားသမားဟောင်း ပေါ်လင်ဟိုတို့လည်း ပြောင်းရွှေ့ ကစားနေပါတယ်။
7 years Ago