ချဲလ်ဆီးကို ၂-၁ ဂိုးဖြင့် အနိုင်ယူပြီး အာဆင်နယ်က အက်ဖ်အေဖလားရရှိ (ရုပ်သံဟိုက်လိုက်)

May 28, 2017

ချဲလ်ဆီးကို ၂-၁ ဂိုးဖြင့် အနိုင်ယူပြီး အာဆင်နယ်က အက်ဖ်အေဖလားရရှိ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ အာဆင်နယ်အသင်းက ချဲလ်ဆီးအသင်းကို ၂-၁ ဂိုး အနိုင်ရရှိသွားပါတယ်။ ဗိုလ်လုပွဲဖြစ်တာနဲ့အညီ နှစ်သင်းလုံး အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြတာကို တွေ့ရပြီး ဘောလုံးပိုင်ဆိုင်မှုမှာတော့ အာဆင်နယ်အသင်းက ၅၂ ရာခိုင်နှုန်းနဲ့ ချဲလ်ဆီးအသင်းက ၄၈ ရာခိုင်နှုန်းဖြစ်ပါတယ်။ အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုးကိုတော့ တိုက်စစ်မှူး ဆန်းချက်က ပွဲချိန် ၄ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်း ၅၇ မိနစ်မှာ ချဲလ်ဆီးအသင်းက မိုစက်စ် အ၀ါကတ်ပြခံခဲ့ရပါတယ်။ ဒီနောက် ၆၈ မိနစ်မှာတခါ ပင်နယ်တီ ဧရိယာထဲ ဟန်ဆောင်လှဲချတယ်ဆိုပြီး ၂ ၀ါ ၁ နီနဲ့ အထုတ်ခံခဲ့ရပါတယ်။ မိုစက်စ်အထုတ်ခံပြီး မိနစ်အနည်းငယ်အတွင်းမှာပဲ ချဲလ်ဆီးအသင်းအတွက် ချေပဂိုးကို ကော်စတာက ၇၆ မိနစ်မှာ သွင်းယူခဲ့ပါတယ်။ ဒီနောက်မှာတော့ အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးကိုတော့ ရမ်ဆေးက ပွဲချိန် ၇၉ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီနှစ်ချန်ပီယံဖြစ်ခဲ့တာကြောင့် အက်ဖ်အေဖလားပြိုင်ပွဲမှာ ၇ ကြိမ်မြောက် ဖလားအများဆုံးရတဲ့အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သလို အာစင်ဝင်းဂါးကလည်း အက်ဖ်အေဖလားဆု အများဆုံးရရှိတဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
4 years Ago
Up