ချဲလ်ဆီးကို သူ့လို ဦးဆောင်နိုင်သူ မရှိဟု မော်ရင်ဟိုပြော

September 13, 2015

ချဲလ်ဆီးကို သူ့လို ဦးဆောင်နိုင်သူ မရှိဟု မော်ရင်ဟိုပြော

ချဲလ်ဆီးအသင်းကို သူ့လောက် အကောင်းဆုံး ဦးဆောင်နိုင်မယ့်သူ မရှိဘူးလို့ နည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်ပါတယ်။ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်မှာ ၃ ပွဲမြောက်အဖြစ် အဲဗာတန်အသင်းကို ရှုံးပွဲတွေ့ထားအပြီးမှာ နည်းပြက ပြောဆိုလိုက်တာပါ။ လက်ရှိ ချန်ပီယံ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် ၅ ပွဲမှာ ၄ မှတ်ပဲ ရသေးလို့ တသင်းလုံး ဖိအားတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ရလဒ်ကတော့ နည်းပြ သက်တမ်းအတွင်းမှာ တော်တော် ဆိုးပါတယ်။ ဒါပေမယ့် ဖိအားတွေ ရှိနေတယ်လို့လည်း မခံစားရပါဘူးလို့ မော်ရင်ဟိုက ပြောပါတယ်။ အခု ရလဒ်တွေကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်ဖို့ တော်တော် ရုန်းကန်ရလိမ့်မယ်လို့လည်း ဆိုထာပါတယ်။ လောလောဆယ်မှာ ချဲလ်ဆီးဟာ ၄ မှတ်ပဲ ရသေးလို့ ဇယားထိပ်က မန်စီးတီးနဲ့ ၁၁ မှတ်အကွာကို ရောက်ရှိနေပါတယ်။
8 years Ago
Up