ချဲလ်ဆီးကို

September 16, 2017

ချဲလ်ဆီးကို ငြင်းဆန်ပြီး စပါးကို ပြောင်းရွှေ့ခဲ့သည့်အကြောင်းရင်း လိုရန်တီ ဖွင့်ဟ

ချဲလ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး စပါးအသင်းဆီ ပြောင်းရွှေ့ခဲ့တဲ့အ ကြောင်းအရင်းကို တိုက်စစ်မှူး လိုရန်တီက ထုတ်ဖော်ပြေကြား လိုက်ပါတယ်။ စပိန်တိုက်စစ်မှူး လိုရန်တီနဲ့ ချဲလ်ဆီးနည်း ပြကွန်တီတို့ဟာ ဂျူဗင်တပ်အသင်းမှာ အတူလက်တွဲခဲ့ဖူးကြတာပါ။ နည်းပြကွန်တီက ခေါ်ယူဖို့ ဆက်သွယ်ခဲ့ပေမယ့် စပါးနည်းပြ ပိုချက်တီနိုရဲ့ ဖုန်းခေါ်ဆိုဆက်သွယ်မှုက သူ့ကိုဆွဲဆောင်စေခဲ့တယ်လို့ လိုရန်တီက ပြောပါတယ်။ စပါးအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ခြေစွမ်းတိုးတက်လာသလို မိမိနဲ့ အံဝင်ခွင်ကျဖြစ်နိုင်ပြီး ကောင်းမွန်တဲ့ စီမံကိန်းတွေရှိတာကြောင့် ချဲလ်ဆီအသင်းကို ငြင်ဆန်ပြီး စပါးအသင်းကို ရွေးချယ်ခဲ့တာလို့ လိုရန်တီကဆက်ပြီးပြောပါတယ်။ စပါးနည်းပြ ပိုချက်တီနိုကို ကစားသမား ဘ၀တုန်းကတည်းက သိရှိထားပြီး သူရှိနေတာက စပါးအသင်းကို ပြောင်းရွှေ့ရခြင်းရဲ့အဓိက အချက်ဖြစ်တယ်လို့လည်း လိုရန်တီကဆိုပါတယ်။ အသက် ၃၂ နှစ်ရှိ လိုရန်တီဟာ ဒီနှစ်နွေရာသီက ဆွမ်ဆီးအသင်းကနေ ပေါင် ၁၂ သန်းနဲ့ စပါးအသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
4 years Ago

February 4, 2017

ချဲလ်ဆီးကို အနိုင်ယူနိုင်ကြောင်း ပြသကြရန် ကစားသမားများအား အာစင်ဝင်းဂါးပြော

ချဲလ်ဆီးနဲ့ ပွဲမှာ ရလဒ်ကောင်းပြန်ယူနိုင်ဖို့ လိုတယ်လို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ကစားသမားတွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။ အာဆင်နယ်နဲ့ချဲလ်ဆီးအသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်ကို ဒီနေ့  ည ၇ နာရီမှာ ယှဉ်ပြိုင်ကစားကြမှာပါ။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ချဲလ်ဆီးအသင်း ကကစားသမားကောင်းတွေ aခ်ါယူနိုင်ခဲ့ပေမယ့် အာဆင်နယ်အသင်းအနေနဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ အနိုင်ကစားခဲ့ပြီး ဒီအစဉ်အလာကောင်းက အသင်းကို ယုံကြည်မှုတွေရရှိစေတယ်လို့ အာစင်ဝင်းဂါးက ပြောပါတယ်။ ပြီးခဲ့တဲ့အပတ်က ၀က်ဖို့ဒ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ချဲလ်ဆီးနဲ့ပွဲမှာ မတူညီတဲ့ ကစားပုံနဲ့ ပြန်လာဖို့ မျှော်လင့်ပြီး ချဲလ်ဆီးအသင်းကို အနိုင်ယူနိုင်ကြောင်းပြသကြဖို့ ကစားသမားတွေ ကို အာစင် ၀င်းဂါးက တိုက်တွန်းခဲ့ပါတယ်။ အာစင်ဝင်းဂါးအနေနဲ့ လေးပွဲ ပွဲကြီးကြပ်ခွင့်ပိတ်ပင်တဲ့ ပြစ်ဒဏ် ချမှတ်ခံထားရတဲ့အတွက် ချဲလ်ဆီးနဲ့ပွဲမှာ ကွင်းအတွင်းကနေ ကြီးကြပ်နိုင်မှာမဟုတ်ပေမယ့် လက် ထောက်နည်းပြ စတိဗ်ဘိုးလ်ကို ယုံကြည်မှုရှိတယ်လို့ အာစင်ဝင်းဂါးကပြောပါတယ်။ ချဲလ်ဆီးအသင်းမှာ ကန်တေ၊ ဟာဇက်နဲ့ ဒီယေဂိုကော်စတာတို့ရဲ့ ခြေစွမ်းကိုတော့ သတိထားကစားရမယ်လို့ အာစင်ဝင်းက ပြောကြားခဲ့ပါတယ်။
4 years Ago
Up