ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှာ ပြေးနေတဲ့ ချဲလ်ဆီးကို အမီလိုက်နိုင်ဖို့ ခက်သွားပြီလို့ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးဟာ ပရီးမီးယားလိဂ် ဘောက်ဆင်ဒေး ကာလအတွင်း မနေ့ကပွဲစဉ်မှာ ဟားစီးတီးကို အနိုင်ရထားပါတယ်။
ဒါပေမယ့်လည်း အမှတ်ပေးဇယားထိပ်က ချဲလ်ဆီးနဲ့ ၇ မှတ် အကွာ တတိယနေရာမှာ ရှိနေပါတယ်။
ဒီတကြိမ် ချန်ပီယံဖြစ်မှာကတော့ ချဲလ်ဆီးနဲ့ လီဗာပူး ၂ သင်းထဲက တသင်းဖြစ်လိမ့်မယ်လို့လည်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ခန့်မှန်းပါတယ်။
မန်စီးတီးနည်းပြ ခန့်မှန်းတဲ့ လီဗာပူးနဲ့ ချဲလ်ဆီးတို့ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အဆင့် ၈ နဲ့ အဆင့် ၁၀ ပဲ ရထားလို့ ဒီနှစ်ရာသီ ဥရောပပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် မရပါဘူး။
6 years Ago