မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ရာသီအကြို ကွန်မြူနတီဖလားပြိုင်ပွဲမှာ အာဆင်နယ်က ပယ်နယ်တီအဆုံးအဖြတ်နဲ့ ချဲလ်ဆီးကို အနိုင်ရသွားပါတယ်။
ဒီပွဲမှာ ပရီးမီးယားလိဂ်ချန်ပီယံ ချဲလ်ဆီးက ၄၆ မိနစ်မှာ မိုဆက်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
အာဆင်နယ်က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ကန်သွင်းခွင့်လည်း ပိုရခဲ့ပါတယ်။
ပွဲချိန် မိနစ် ၈၀ မှာ အာဆင်နယ်ကစားသမား အယ်လ်နန်နီကို ဖျက်ထုတ်ပုံကြမ်းခဲ့တဲ့ ချဲလ်ဆီးကစားသမား ပက်ဒရို တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံရပါတယ်။
အက်ဖ်အေဖလား ချန်ပီယံ အာဆင်နယ်အတွက် ချေပဂိုးကို ၈၂ မိနစ်မှာ ကိုလာဆီနစ်က ခေါင်းတိုက်သွင်းယူပါတယ်။
တဂိုးစီသရေကျလို့ ပယ်နယ်တီအဆုံးအဖြတ်ကို ခံယူခဲ့ရာမှာ အာဆင်နယ်က ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ကွန်မြူနတီဖလားကို ရရှိသွားပါတယ်။
လာမယ့်အပတ် ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ ချဲလ်ဆီးက ဘန်လေ၊ အာဆင်နယ်က လက်စတာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
5 years Ago