ရလဒ်မကောင်းတဲ့အတွက် အသင်းပိုင်ရှင်နဲ့ စကားပြောခွင့်ရမယ်ဆိုရင် ပျော်ရွှင်မိမယ်လို့ ချဲလ်ဆီးနည်းပြ ဆာရီက ပြောကြားလိုက်ပါတယ်။
ချဲလ်ဆီးအသင်းဟာ မန်စီးတီးကို ၆ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့လို့ နည်းပြ ဆာရီအပေါ်မှာ ဝေဖန်မူတွေ ရှိနေပြီး ရာထူးကနေ ထုတ်ပယ်ခံရဖို့ ရှိနေတယ်လို့ သတင်းထွက်ပေါ်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့် နည်းပြဆာရီဘက်ကတော့ အသင်းပိုင်ရှင်နဲ့ တွေ့ဆုံပြီး စကားပြောရမယ်ဆိုရင်လည်း ကျေနပ်ပျော်ရွှင်မှာဖြစ်ပြီး အသင်းပိုင်ရှင်နဲ့ တကြိမ်မှ စကားမပြောဖူးသေးတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
မိမိအနေနဲ့ အသင်းအပေါ်နဲ့ ကစားသမားတွေရဲ့ ခြေစွမ်းအပေါ်မှာပဲ စိုးရိမ်မူရှိတာဖြစ်ပြီး မိမိရဲ့ ရာထူးနဲ့ ပတ်သက်တာကတော့ အမြဲတမ်းစွန့်စားမှုရှိနေလို့ မထူးဆန်တော့တဲ့အကြောင်း နည်းပြဆာရီက ပြောပါတယ်။
အသင်းရဲ့ခြေစွမ်းက ပုံမှန်အခြေအနေမဟုတ်တာကိုတော့ ဆာရီက ၀န်ခံသွားခဲ့ပြီး အသင်းပိုင်ရှင်ရဲ့ ယုံကြည်မှုနဲ့ အချိန်လိုအပ်တယ်လို့လည်း ဆာရီက ပြောကြားသွားခဲ့ပါတယ်။
2 years Ago