ချီးမွမ်း၊ ကဲ့ရဲ့မှုများဖြင့် ဂျနီဖာလောရင့်စ် ပါဝင်သည့် Mother! ရုပ်ရှင်ကားသစ်

September 8, 2017

ချီးမွမ်း၊ ကဲ့ရဲ့မှုများဖြင့် ဂျနီဖာလောရင့်စ် ပါဝင်သည့် Mother! ရုပ်ရှင်ကားသစ် (ရုပ်သံ)

နာမည်ကျော် ဟောလီးဝုဒ်မင်းသမီးတယောက်ဖြစ်တဲ့ ဂျနီဖာလောရင့်စ် ခေါင်းဆောင်ပါဝင်ထားတဲ့ Mother! အမည်ရတဲ့ ရုပ်ရှင်ကားသစ်ကို ဗင်းနစ် ရုပ်ရှင်ပွဲတော်မှာ စက်တင်ဘာ ၆ ရက်နေ့က ပွဲဦးထွက် ပြသခဲ့ပါတယ်။ ဒီကားမှာ ဂျနီဖာလော့ရင့်စ်က ခင်ပွန်းဖြစ်သူရဲ့ မေတ္တာငတ်မွတ်မှုကို ဖြည့်ဆည်းဖို့ အရာရာကို ပေးဆပ်တဲ့ ဇနီးသည်တဦးနေရာက သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ “ဇာတ်ကားရဲ့ ဦးတည်ချက်ကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုလို့ရပါတယ်။ ဒါပေမယ့် သေသေချာချာ ကြည့်မယ်ဆိုရင် လူတဦးနဲ့တဦး ဆက်ဆံရေးမှာ အတ္တကြီးမှုက မလုံခြုံစေပါဘူး။ စိတ်ပင်ပန်းစေပါတယ်။ အဲဒီလို လုပ်တာမျိုးကို ကျမ အားမပေးဘူး။” ဒီဇာတ်ကားရိုက်ကူးသူ ဒါရိုက်တာ အာရွန်နော့စကီးကတော့ “ကျနော်တို့ရဲ့ ကမ္ဘာကြီးမှာ အကန့်အသတ်တွေ ရှိလာတာကို ပထမဆုံး မြင်တွေ့လာရပါတယ်။ အရာရာဟာ ပျောက်ကွယ်လာပြီး မညီမျှမှုတွေ ဖြစ်လာတယ်။ ကျနော့်ရဲ့ ဘိုးဘွားတွေဟာ အမေရိကကို ရောက်လာပြီး ကျနော်တို့ရဲ့ ဘဝတွေဟာ ပိုမိုကောင်းမွန်လာခဲ့ပါတယ်။ ကျနော့်အလှည့်ရောက်ရင်လည်း မြေးမြစ်တွေကို ပိုကောင်းမွန်တဲ့ဘဝ ပေးချင်ပေမယ့် အဲဒီလို လုပ်နိုင်မလားဆိုတာ မသေချာပါဘူး” လို့ ပြောပါတယ်။ Mother! ရုပ်ရှင်ကားကို ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့အပြီး ပရိသတ်တွေဆီက ချီးမွမ်းမှုရော၊ ကဲ့ရဲ့မှုတွေပါ ဒွန်တွဲရခဲ့တယ်လို့ သရုပ်ဆောင် ဂျနီဖာ လောရင့်စ်က ဆိုပါတယ်။
4 years Ago
Up