ချီးကျူး

February 3, 2018

မာရက်ဇ်အတွက် ပေါင် ၉၅ သန်းမပေးခဲ့သည့် မန်စီးတီးအသင်းကို ဂွါဒီယိုလာ ချီးကျူး

လက်စတာက မာရက်ဇ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၉၅ သန်း မပေးခဲ့တဲ့ မန်စီးတီးအသင်းကို နည်းပြ ဂွါဒီယိုလာက ထောက်ခံချီးကျူးလိုက်ပါတယ်။ မန်စီးတီးအသင်း တာဝန်ရှိသူတွေဟာ တောင်ပံကစားသမား မာရက်ဇ်ကို ပေါင် ၆၅ သန်းအထိပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် လက်စတာအသင်းက ပေါင် ၉၅ သန်းအထိ အလိုရှိနေတာကြောင့် အပြောင်းအရွှေ့ မဖြစ်ခဲ့တာပါ။ မာရက်ဇ်အတွက် ပေါင်သန်း ၁၀၀ နီးပါး မပေးခဲ့တဲ့ အသင်းကို ချီးကျူးလိုပြီး မိမိတို့အသင်းအနေနဲ့  ထူးခြားတဲ့ ကစားသမားတဦးအတွက်ပဲ ပေါင်သန်း ၁၀၀ လောက်ပေးပြီး ဝယ်ယူမှာဖြစ်တယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေလို ငွေကြေးချမ်းသာတဲ့အသင်း မဟုတ်ကြောင်းနဲ့ အရည်အသွေးရှိတဲ့ ကစားသမားတွေ ဝယ်ယူထားပြီးဖြစ်လို့ မာရက်ဇ်အတွက် ပေါင်သန်း ၁၀၀ နီးပါး မပေးခဲ့တာဖြစ်တယ်လို့ ဂွါဒီယိုလာက ဆက်ပြောပါတယ်။ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်မှာ ငွေကြေးအများအပြား သုံးစွဲထားပေမယ့် ကစားသမားတဦးကို ပြောင်းရွှေ့ကြေး အမြင့်ဆုံးအဖြစ် ပေါင် ၅၇ သန်းပဲ ပေးချေခဲ့တာဖြစ်ပါတယ်။
3 years Ago
Up