ချီယေဗို

August 19, 2018

အီတလီစီးရီးအေ ဂျူဗင်တပ် ၃-၂ ချီယေဗို (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အီတလီစီးရီးအေ ပွဲစဉ်မှာ လက်ရှိချန်ပီယံ ဂျုဗင်တပ်အသင်းက နောက်ကနေ လိုက်ကစားပြီးမှ ချီယေဗိုကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ တိုက်စစ်မှူး ရော်နယ်ဒိုအတွက်တော့ ပထမဆုံး ကစားတဲ့ပွဲမှာ အနိုင်ရတာပါ။ ပွဲအစ ၃ မိနစ်မှာ ဂျုဗင်တပ်အသင်းက ခီဒီရာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ ချီယေဗိုအတွက် ချေပဂိုးကို ၃၈ မိနစ်မှာ စတက်ပင်စကီးက သွင်းယူပါတယ်။ ဒုတိယဂိုးကို ၅၆ မိနစ်မှာ ဂျော့ရှရီနီက ပင်နယ်တီကနေ သွင်းယူပါတယ်။ ဒီပွဲမှာ တိုက်စစ်မှူး ရော်နယ်ဒို တဖက်ဂိုးပေါက်ကို ခြိမ်းခြောက်တာတွေ အကြိမ်အကြိမ် လုပ်နိုင်ခဲ့ပါတယ်။ ဂျုဗင်တပ်အတွက် ချေပဂိုးကို ၇၅ မိနစ်မှာ တဖက် ကစားသမား ကိုယ့်ဂိုးကိုယ်သွင်းရာကနေ ရသွားတာပါ။ ဒီပွဲမှာ ဂျုဗီက တဖက်သတ် အသာစီးယူ ကစားနိုင်ခဲ့ပြီး ဂိုးပေါက်ကန်သွင်းခွင့် ၁၀ ကြိမ်အထိ ရခဲ့ပါတယ်။ အနိုင်ဂိုးကို ၉၃ မိနစ်မှာ ဘာနတ်ဒက်ရှီ သွင်းယူခဲ့ပါတယ်။
5 years Ago
Up