ချီလီဘောလုံးအဖွဲ့ချုပ်က ပက်ဇီကို နည်းပြအဖြစ် ခန့်အပ်

A d v e r t i s e m e n t With Us

February 7, 2016

ချီလီဘောလုံးအဖွဲ့ချုပ်က ပက်ဇီကို နည်းပြအဖြစ် ခန့်အပ်

အာဂျင်တီးနားနိုင်ငံသား ဂျုအန် အန်တိုနီယို ပက်ဇီကို လက်ရွေးစင်အသင်း နည်းပြအဖြစ် ချီလီဘောလုံးအဖွဲ့ချုပ်က ခန့်အပ်လိုက်ပါတယ်။ ချီလီအသင်းက နည်းပြ ပက်ဇီကို လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ မတိုင်ခင်အထိ စာချုပ် ချုပ်ဆို ငှားရမ်းထားတာပါ။ နည်းပြ ပက်ဇီဟာ ဒီမတိုင်ခင်က မက္ကဆီကိုကလပ် လီယွန်မှာ နည်းပြအဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ချီလီအသင်းကို လာမယ့် မတ်လထဲမှာ အာဂျင်တီးနား၊ ဗင်နီဇွဲလားတို့နဲ့ ကစားရမယ့် ကမာ့ဖလား ခြေစစ်ပွဲတွေကို စတင်ကိုင်တွယ်ရမှာပါ။ ချီလီအသင်းဟာ တောင်အမေရိကဇုန်က ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အမှတ်ပေးဇယားမှာ လောလောဆယ် အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။ တောင်အမေရိကဇုန်မှာ အဆင့် ၄ အထိ ၀င်တဲ့ အသင်းတွေဟာ ခြေစစ်ပွဲကို တိုက်ရိုက်အောင်မြင်မှာ ဖြစ်ပါတယ်။
5 years Ago
Up