ဒီဇင်ဘာ ၂၂ ရက်က ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် ဆန္ဒပြနေတဲ့ ချီလီ ကျောင်းသားတွေနဲ့ ရဲတပ်ဖွဲ့တွေ ထိပ်တိုက်တွေ့ခဲ့ပါတယ်။
ချီလီကျောင်းသားများအဖွဲ့ (ကောင်ဖက်ချပ်) က ဦးဆောင်ပြီး အခမဲ့ အဆင့်မြင်ပညာရေးဖြစ်ဖို့ ဥပဒေပြုပေးဖို့ လမ်းပေါ်တက်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။
ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပေမယ့် နောက်ပိုင်းမှာ ဆန္ဒပြသူတွေနဲ့ အရာရှိတွေအကြား အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အကြမ်းဖက် ဖြိုခွင်းရေးရဲတွေက ရေပိုက်တွေသုံးပြီး ကျောင်းသားတွေကို ဖြိုခွင်းခဲ့ပါတယ်။
ချီလီသမ္မတက ပညာရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ဒီပြုပြင်ပြောင်းလဲမှုတွေက လုံလောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ မဟုတ်ဘူးလို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ချီလီက သဘာဝသယံဇာတနဲ့ အခွန်တွေကို သုံးပြီး ကျောင်းသားတွေ ကျောင်းလခ အခမဲ့ လုပ်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ပါတယ်။
7 years Ago