ချီလီသမ္မတ

A d v e r t i s e m e n t With Us

August 12, 2018

ချီလီသမ္မတဟောင်းကို လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအဖြစ် ခန့်အပ်ရန် သဘောတူ

ချီလီသမ္မတဟောင်း မီဆယ်ဘာချဲလက်ကို လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအဖြစ် ခန့်အပ်ဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံက သြဂုတ် ၁ဝ ရက်နေ့မှာ သဘောတူခဲ့ပါတယ်။ မီဆယ်ဘာချဲလက်ဟာ ချီလီရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်ခဲ့သလို ပထမဆုံး အမျိုးသမီး လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဖြစ်လာမှာပါ။ မီဆယ်ကိုယ်တိုင်ဟာ အာဏာရှင် ပီနိုချေး လက်ထက်က လူ့အခွင့်အရေး ချိုးဖောက်မှုရဲ့ သားကောင် ဖြစ်ခဲ့ဖူးပါတယ်။ မီဆယ်ကို အခုလို ရွေးချယ်ခန့်အပ်မှုကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဒီသီတင်းပတ်အတွင်းကြေညာခဲ့ပါတယ်။ အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဒီခန့်အပ်မှုကို အတည်ပြုခဲ့တာလည်းဖြစ်ပါတယ်။ သြဂုတ်လ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမယ့် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြိး ဇေယက်ရာအက်အယ်ဟူစိန်နေရာမှာ  မီဆယ်ဘာချဲလက်ကို အစားထိုးမယ်လို့ ဗွီအိုအေ သတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago

March 12, 2018

တိုင်းပြည်စီးပွားရေး ရပ်တန့်မှုကို တိုက်ဖျက်သွားမည်ဟု ချီလီသမ္မတသစ် ပြော

ချီလီသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ ဘီလျံနာသူဌေးကြီး စဘတ်တီယန်ပီနဲရာက တိုင်းပြည်စီးပွားရေး တိုးတက်မှု ရပ်တန့်နေတာကို တိုက်ဖျက်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။ မတ်လ ၁၁ ရက်နေ့က မြို့တော် ဆန်တီယေဂိုမှာ သမ္မတရာထူးလက်ခံတဲ့ အခမ်းအနားကို ပြုလုပ်ခဲ့ပြီး အသက် ၆၈ နှစ်အရွယ် ကွန်ဆာဗေးတစ်တဦးဖြစ်သူ ပီနဲရာ တက်ရောက် ရာထူးလက်ခံခဲ့ပါတယ်။ “မကြာသေးခင်နှစ်တွေက ဖြစ်နေတဲ့ စီးပွားရေးတိုးတက်မှု ရပ်တန့်နေတာကို ကျနော်တို့ တိုက်ဖျက်သွားရမှာပါ။ မက်ခရိုစီးပွားရေးနဲ့ ဘဏ္ဍာရေး ဟန်ချက်ညီမှု ပြန်လည်ရရှိအောင် လုပ်ဆောင်သွားမှာပါ။ စီးပွားရေးအားကောင်းဖို့၊ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့၊ လုပ်ခလစာတွေ ကောင်းမွန်ဖို့၊ ရင်းနှီးမြှုပ်နှံမှုနဲ့ တီထွင်ဆန်းသစ်မှု ရှိစေဖို့နဲ့ သိပ္ပံနဲ့ နည်းပညာကဏ္ဍ အဆင့်မြင့်စေဖို့ တဖန်ပြန် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ စွန့်ထွင်ဦးစီးစွမ်းရည်ဟာ ဗျူရိုကရေစီကြောင့် ကြန့်ကြာနိုင်ပေမယ့် ကျနော်တို့ တဦးစီရဲ့ စိတ်ဝိညာဉ်မှာ ရှိနေပါတယ်။ ချီလီနိုင်ငံသားအားလုံး အကျိုးဖြစ်ထွန်းစေမယ့် သဘောတူညီချက်  ၅ ခုကို စဉ်းစားစေလိုပါတယ်။ အဲဒါတွေက ကလေးသူငယ် အရေးကိစ္စ၊ အများပြည်သူ လုံခြုံမှုပိုင်း၊ ဂုဏ်သိက္ခာရှိစွာရနိုင်တဲ့ ကျန်းမာရေးဝန်ဆောင်မှု၊ ဌာနေတိုင်းရင်းသား ဒေသတွေမှာ ငြိမ်းချမ်းစေရေးနဲ့ ချီလီတမျိုးသားလုံးအတွက် ဆင်းရဲမှုတိုက်ဖျက်ရေးနဲ့ ရှေ့ကို ခုန်ပျံကျော်လွှား တိုးတက်ရေး စတဲ့ သဘောတူညီချက်တွေဖြစ်ပါတယ်” လို့ သမ္မတ စဘတ်တီယန်ပီနဲရာက ပြောကြားခဲ့ပါတယ်။ ချီလီသမ္မတ ပီနဲရာဟာ ကွဲပြားနေတဲ့ လွှတ်တော်နဲ့ သူ့ရဲ့အစီအစဉ်တွေကို တိုက်ဖျက်မယ်လို့ ကတိပြုထားတဲ့ လက်ဝဲညွန့်ပေါင်း အဖွဲ့တို့နဲ့ အတူညှိနှိုင်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
3 years Ago
More News
Up