ချီလီတွင် မူးယစ်ဆေးသယ်ကားကို ရဲများက ပစ်ခတ်ဖမ်းဆီးသည့်ရုပ်သံ ထွက်ပေါ်

July 30, 2016

ချီလီတွင် မူးယစ်ဆေးသယ်ကားကို ရဲများက ပစ်ခတ်ဖမ်းဆီးသည့်ရုပ်သံ ထွက်ပေါ်

ချီလီနိုင်ငံမှာ ဒေါ်လာ ၁၂ သန်းနီးပါး တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ တင်ဆောင်လာတဲ့ ကားနောက်ကို ရဲတွေက လိုက်လံပြီး ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ ရုပ်သံဖိုင် ထွက်ပေါ်လာပါတယ်။ ဇူလိုင် ၂၃ ရက်မှာ ရဲတွေက ရဟတ်ယာဉ်တွေ ကားတွေနဲ့ မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့ ကားနောက်ကို လိုက်လံဖမ်းဆီးစဉ်မှာ လူ ၃ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ၂ ဦးက စပိန်နိုင်ငံသားနဲ့ ၁ ဦးက ကိုလံဘီယာနိုင်ငံသားတွေ ဖြစ်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။ ချီလီနိုင်ငံ မြောက်ပိုင်း ဆိပ်ကမ်းမြို့တော် အာရီကာမှာ ဖြစ်ပွားခဲ့ပြီး စီးနင်းမှုနဲ့ ပတ်သက်တဲ့ ရုပ်သံကို ဇူလိုင် ၂၉ ရက်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ကိုလံဘီယာကနေ တဆင့် တောင်အမေရိကကို ဖြတ်ပြီး ဥရောပကို တင်ဖို့ ကြိုးစားတဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါး မှောင်ခိုအဖွဲ့ရဲ့ လှုပ်ရှားမှု ဖြစ်တယ်လို့လည်း  အရာရှိတွေက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေကို ၂၈၇ ကီလိုထက်ပိုတဲ့ မူးယစ်ဆေးဝါးတွေကို လက်ဝယ်တွေ့ရှိမှုနဲ့ စွဲဆိုထားသလို ရက်ပေါင်း ၆၀ ကြာ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ပြီး တရားရုံးကို ပို့ဆောင်မှာ ဖြစ်ပါတယ်။
5 years Ago
Up