ချီလီတွင် မိုးသည်းထန်ပြီး ရေကြီး၊ လူ ၁ သန်းကျော် သောက်သုံးရေပြတ်လပ်

February 28, 2017

ချီလီတွင် မိုးသည်းထန်ပြီး ရေကြီး၊ လူ ၁ သန်းကျော် သောက်သုံးရေပြတ်လပ် (ရုပ်သံ)

ချီလီနိုင်ငံ ဆန်ပဲဒရိုမြို့မှာ ဖေဖော်ဝါရီ ၂၆ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံ ဖြစ်တာကြောင့် လူ ၃ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၇ ဦး ပျောက်ဆုံးနေပါတယ်။ မြို့တော် ဆန်တီယေးဂိုတောင်ပိုင်း အို ဟစ်ဂင်း ဒေသမှာ မိသားစုတစု ကားနဲ့ ခရီးသွားနေတုန်း တောင်ပြိုမြေပြိုဖြစ်တာကြောင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးတဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် မြို့တော် ဆန်တီယေးဂိုအနီးက တောင်ကြားဒေသမှာ မြစ်ချောင်းတွေ ရေလျှံပြီး လူအယောက် ၃၀၀၀ ကျော် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတယ်လို့ အိုနီမီ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ ချီလီသမ္မတကတော့ အဲဒီဒေသမှာ ပိတ်မိနေသူတွေအတွက် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ကူညီပေးနေတယ်လို့ ဆိုပါတယ်။ ရေကြီးမှုကြောင့် ဆန်တီယေးဂိုမြို့တော်ရှိ လူဦးရေ ၁ သန်းကျော်လည်း သောက်သုံးရေ ပြတ်လပ်နေပါတယ်။ ဒါဟာ ချီလီနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကနေ ခုချိန်ထိ ၁ နှစ်ကျော်ကာလအတွင်း ဒုတိယမြောက် အကြီးဆုံးရေကြီးမှုဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago
Up