ချီလီတွင် ငလျင်လှုပ်ခတ်

April 6, 2018

ချီလီတွင် ငလျင်လှုပ်ခတ်၊ ကျောင်းသားကျောင်းသူများကို ဘေးကင်းရာ ရွှေ့ပြောင်း

ချီလီနိုင်ငံမြောက်ပိုင်း အီကီးကေမြို့မှာ ဧပြီ ၅ ရက် မနက်အစောပိုင်းက ပြင်းအား ၅ ဒသမ ၆ မဂ္ဂနီကျူရှိ မြေငလျင်လှုပ်ခတ်ခဲ့ပါတယ်။ မြေငလျင်ဟာ အီကီကေးမြို့ပြင် ၂၅ မိုင်အကွာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တာလို့ ချီလီအရေးပေါ်ကယ်ဆယ်ရေးနဲ့ စီမံခန့်ခွဲရေးဌာနက ပြောပါတယ်။ ဆူနာမီရေလှိုင်း ၀င်ရောက်ဖူးတဲ့ ကမ်းရိုးတန်းမြို့ဖြစ်တာကြောင့် ကျောင်းသား/သူတွေကို သက်ဆိုင်ရာက ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ အီကီးကေးမြို့မှာ ၂၀၁၄ ခုနှစ်က  ပြင်းအား ၈ ဒသမ ၂ မဂ္ဂနီကျုရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဆူနာမီရေလှိုင်းရိုက်ခတ်ခဲ့လို့ လူ ၆ ယောက်သေဆုံးခဲ့ပါတယ်။
3 years Ago
Up