ချီလီတိုက်စစ်မှူး

July 9, 2019

ချီလီတိုက်စစ်မှူး ဆန်းချက်ဇ် အာဂျင်တီးနားနှင့်ပွဲမှ ဒဏ်ရာကြောင့် အနားယူရမည်

ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်ဟာ ကိုပါအမေရိကဖလားပြိုင်ပွဲ အာဂျင်တီးနားနဲ့ တတိယလုပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် အနားယူရဖို့ ရှိနေပါတယ်။ ဆန်းချက်ဇ်ဟာ ပွဲအစ ၁၇ မိနစ်မှာပဲ တံကောက်ကျောဒဏ်ရာ ရခဲ့လို့  ဆက်မကစားနိုင်တော့ဘဲ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ ချီလီအသင်းက အာဂျင်တီးနားကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဆန်းချက်ဇ်အနေနဲ့ လက်ရွေးစင်အသင်းနဲ့အတူ ဒဏ်ရာရခဲ့တာကြောင့် မန်ယူအသင်းရဲ့ ရာသီကြို ခြေစမ်းပွဲတွေကို လွဲချော်တော့မှာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ လက်ရှိ သြစတြေးလျနိုင်ငံမှာ ရောက်ရှိနေပြီး တရုတ်နဲ့ စင်ကာပူနိုင်ငံတွေမှာလည်း ခြေစမ်းပွဲတွေ ကစားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုပါအမေရိကဖလား ကစားခဲ့တဲ့ ဆန်းချက်ဇ်ကို အားလပ်ရက်ပေးထားတဲ့အတွက် ဇူလိုင်လနောက်ဆုံးအပတ်မှ အသင်းနဲ့ စတင်ပူးပေါင်းနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။
2 years Ago
Up