ချီတက်ပွဲ ပြုလုပ်

April 23, 2017

အမေရိကန်တွင် လူသားအကျိုးပြု သိပ္ပံပညာကို အားပေးဂုဏ်ပြု ချီတက်ပွဲ ပြုလုပ်

လူသားအကျိုးပြု သိပ္ပံပညာကို အားပေးဂုဏ်ပြုလမ်းလျှောက်ချီတက်ပွဲကို အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မြို့တော်အပါအ၀င် ကမ္ဘာတ၀န်း မြို့ကြီးတွေမှာ ဧပြီ ၂၂ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။ အခုလို သိပ္ပံပညာဂုဏ်ပြုချီတက်ပွဲတွေကို ကမ္ဘာတ၀န်း ပထမဆုံးကျင်းပကြတာဖြစ်ပြီး ဧပြီ ၂၂ ရက်နေ့က ကျရောက်ခဲ့တဲ့ ကမ္ဘာမြေနေ့နဲ့လည်း တိုက်ဆိုင် ကျင်းပကြတာ ဖြစ်ပါတယ်။ ဒီချီတက်ပွဲကို ဦးဆောင်စီစဉ်သူတွေက သိပ္ပံပညာရပ်နဲ့ လူသားတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ၀ိုင်းဝန်းကာကွယ်ဖို့၊ သိပ္ပံပညာရှင်လူမှုအဖွဲ့အစည်းကို ၀ိုင်းဝန်း အားပေး ကာကွယ်ကြဖို့နဲ့ ရည်ရွယ်ဖော်ဆောင်တာလို့ ပြောဆိုကြပါတယ်။ ဒီ ၀ါရှင်တန်မြို့တော်က လမ်းလျှောက်ချီတက်ပွဲဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကို အလေးမထားဘဲ ပိုမိုပျက်စီးအောင် တွန်အားပေးသလိုဖြစ်နေတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အစိုးရကို ဆန့်ကျင်ဖို့ ရည်ရွယ်ကျင်းပတာတော့ မဟုတ်ဘူးလို့ ဦးဆောင်သူတွေက ပြောဆိုတာပါ။ ဒီလမ်းလျှောက်ချီတက်ပွဲကြီးဟာ ပြီးခဲ့တဲ့ရက်တွေအတွင်း ကျင်းပခဲ့တဲ့ အမျိုးသမီး လမ်းလျှောက်ချီတက်ပွဲတွေကနေ ဆင့်ပွားကျင်းပခဲ့ကြတာဖြစ်ပြီး ကမ္ဘာကြီး အဆမတန် ပူပြင်းလာမှုကနေ ကမ္ဘာကြီး ညစ်ညမ်းပျက်စီးမှုကနေ ကာကွယ်တားဆီးမယ့် သိပ္ပံပညာ၊ လူသားတွေကို အကာအကွယ်ပေးနေတဲ့ ဆေးသိပ္ပံပညာစတာတွေကို ဆက်လက် အားပေးဂုဏ်ပြုဖို့ ရည်ရွယ်ချီတက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
4 years Ago
Up