ချီကာဂိုမြို့

August 31, 2018

ချီကာဂိုမြို့တွင် ရေသန့်စက်ရုံပေါက်ကွဲ၊ လူ ၈ ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ အီလွီနွိုက်ပြည်နယ် ချီကာဂိုမြို့က ရေသန့်စက်ရုံတရုံမှာ သြဂုတ် ၃၀ ရက်က ပေါက်ကွဲမှုဖြစ်ပြီး အမိုးပြိုကျခဲ့လို့ လူ ၈ ဦး ဒဏ်ရာရတယ်လို့ ဒေသခံမီဒီယာက ဖော်ပြပါတယ်။ ဒဏ်ရာရသူအားလုံးကို အနားက ဆေးရုံဆီ တင်ပို့ထားပြီး သူတို့အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ အစီရင်ခံစာတွေက ဆိုပါတယ်။ ကယ်ဆယ်ရေးသမားတွေက အပျက်အစီးတွေအောက် ရှင်သန်ကျန်ရစ်သူတွေကို ရှာနေပုံကိုလည်း ရုပ်သံက ပြသပါတယ်။ ပြိုကျမှုကြောင့် ဒဏ်ရာရသူတွေရဲ့ အခြေအနေက ဆိုးရွားတယ်လို့ ချီကာဂို မီးသတ်ဌာန အထူးစစ်ဆင်ရေး အကြီးအကဲက ပြောပါတယ်။ အဆောက်အဦကို အပြင်နံရံတွေက အဓိက ထောက်မထားပြီး ကွန်ကရစ် ယက်မတွေက ထိပ်မှာပြေးနေတယ်၊ ဒါကြောင့် အမျိုးသားတွေဟာ ကွန်ကရစ်ယက်မတွေ၊ ဒိုင်းတွေအောက်မှာ ပိတ်မိကုန်တယ်လို့ သူက ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို အတည်မပြုရသေးပါဘူး။
3 years Ago

August 8, 2018

ချီကာဂိုမြို့တွင် ရက်ပိုင်းအတွင်း ပစ်ခတ်မှုများကြောင့် ၁၂ ဦး သေဆုံး

အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့မှာ သြဂုတ်လ ၃ ရက်နဲ့ ၅ ရက်အတွင်း  သေနတ်ပစ်ခတ်မှုတွေကြောင့် ၁၂ ဦး သေဆုံးပြီး ၅၄ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါဟာ ဒီနှစ်အဖို့ သွေးထွက်သံယိုမှု အများဆုံး သီတင်းပတ်တွေထဲက တခုကို ကြုံတွေ့ရတာပဲ ဖြစ်ပါတယ်။ သေနတ်ပစ်ခတ်မှု ၃၃ ခု ဖြစ်ပွားခဲ့ပြီး သေဆုံး ဒဏ်ရာရသူ ၆၆ ဦးအနက် ၁၄ ဦးဟာ ဆယ်ကျော်သက်တွေ ဖြစ်တယ်လို့ ချီကာဂိုရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ပိတ်ရက်မှာ  လုံခြုံရေး ကင်းလှည့်တာတွေ တိုးမြှင့်လုပ်ဆောင်ခဲ့ပေမယ့် ပြစ်မှု အကြိမ်ကြိမ် ကျူးလွန်သူတွေအကြား တရားမဝင် လက်နက်ကိုင်ဆောင် သောင်းကျန်းတာကြောင့် သေနတ်ကိုင် အကြမ်းဖက်မှုကို ထိန်းချုပ်နိုင်ခြင်း မရှိဘူးလို့ ချီကာဂို ရဲတပ်ဖွဲ့ အကြီးအကဲက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ချီကာဂိုမြို့မှာ ၂၀၁၈ ခုနှစ် ဇူလိုင်လကုန်အထိ သေနတ်ပစ်ခတ်မှုပေါင်း ၁၃၅၆ မှု ဖြစ်ပွားခဲ့ပြီး တနေ့ကို ပျမ်းမျှ ၆ မှု ဖြစ်နေတယ်လို့ ချီကာဂိုရဲဌာနက ပြောကြားခဲ့ပါတယ်။
3 years Ago
Up