ချီကာဂို

January 21, 2019

ချီကာဂိုတွင် နှင်းအကြီးအကျယ် ကျဆင်းမှုကြောင့် လေယာဉ်ခရီးစဉ် ၁၀၀၀ ကျော် ဖျက်သိမ်း

အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ သောကြာညက စပြီး နှင်းတွေ အကြီးအကျယ် ကျဆင်းခဲ့လို့ ဒေသတွင်း လေဆိပ်တွေမှာ ခရီးစဉ်ပေါင်း ၁၀၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။ နှင်းခါးမိုးကြောင့် ဒေသတွင်း တချို့နေရာတွေမှာ နှင်းထုက ၁ ပေလောက်ထိ ကျဆင်းခဲ့တာပါ။ နှင်းအဆက်မပြတ် ကျဆင်းလို့ ရပ်ကွက် ၁၀၀ လောက်မှာ လျှပ်စစ်ဖြန့်ဖြူးမှု ပြတ်တောက်ခဲ့ပြီး ဒေသခံတွေ အမှောင်နဲ့ အအေးထဲမှာ နေခဲ့ရပါတယ်။ ဆိုးရွားတဲ့ ရာသီဥတုကြောင့် ဒေသတွင်း ယာဉ်ကြော ပိတ်ဆို့ပြီး ရထားခရီးစဉ် အားလုံးကို ရပ်ထားရပါတယ်။ လေဆိပ်တွေနဲ့ ဘူတာတွေမှာ ခရီးသည်တွေ သောင်တင်နေပြီး တချို့က ၂၄ နာရီထိ ကြာအောင် စောင့်နေခဲ့ရတာပါ။ စနေမွန်းလွဲပိုင်းမှာ နှင်းကျတာ ရပ်သွားပေမယ့် အိမ်နီးချင်း ပြည်နယ်တွေမှာ စနေညကနေ တနင်္ဂနွေနေ့ထိ နှင်းတွေ ပိုကျမယ်လို့ အမေရိကန် အမျိုးသား မိုးလေဝသဌာနက ဟောကိန်းထုတ် ထားပါတယ်။
2 years Ago

July 18, 2018

ချီကာဂိုမြို့တွင် ရဲတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် လူမည်းအမျိုးသား သေဆုံးခဲ့မှုအပေါ် ဆန္ဒပြ

အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ ရဲက အာဖရိကန်-အမေရိကန် ကပြား အမျိုးသားတဦးကို အသေပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တဲ့အတွက် မြို့တွင်းလမ်းတွေပေါ်မှာ ရာနဲ့ချီတဲ့လူတွေ ဇူလိုင် ၁၆ ရက်က ဆန္ဒပြခဲ့ပါတယ်။ ရဲက အာဖရိကန်-အမေရိကန် ကပြား အမျိုးသားဖြစ်တဲ့ ဟာရစ်သ် သြဂတ်စ်တပ်စ်ကို ဇူလိုင် ၁၄ ရက်နေ့က ဖမ်းဖို့ကြိုးစားချိန် ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တာပါ။ ဒါကြောင့် တမြို့လုံးမှာ ဆန္ဒပြပွဲတွေ ချက်ချင်း ပေါ်ပေါက်ခဲ့ပါတယ်။ လူမည်းတွေရဲ့အသက်လည်း အရေးကြီးတယ်လို့ ရေးထားတဲ့ ပိုစတာတွေကို ဆန္ဒပြသူတွေက ကိုင်ဆောင်ထားပြီး သက်ဆိုင်ရာ အရာရှိကို အပြစ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။ အကြမ်းဖက် အမူအကျင့်တွေကို စွန့်လွှတ်ဖို့လည်း ရဲတွေကို ဆော်သြခဲ့ကြပါတယ်။ ဆန္ဒပြပွဲကနေ အကြမ်းဖက်မှု မဖြစ်စေရေး ကြိုတင်သတိထားတဲ့အနေနဲ့ ချီကာဂို တမြို့လုံးမှာ ခါတိုင်းထက် ရဲတွေကို ပိုတာဝန်ချထားတယ်လို့ စီစီတီဗွီ သတင်းဌာနက အစီရင်ခံထားပါတယ်။
3 years Ago
Up