ချီကာဂိုရဲတပ်ဖွဲ့

December 28, 2015

မတော်တဆ ပစ်ခတ်မှုအတွင်း ၂ ဦးသေဆုံးကြောင်း ချီကာဂိုရဲတပ်ဖွဲ့ ပြောကြား

အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့မှာ ရဲအရာရှိတဦးဟာ အိမ်တွင်းဆူပူမှုတခုကို သွားရောက်ကိုင်တွယ်ရင်း မတော်တဆ ပစ်ခတ်မှုဖြစ်ခဲ့ပြီး ကလေး ၅ ယောက်မိခင်တဦးနဲ့ တက္ကသိုလ်ကျောင်းသားတဦးတို့ သေဆုံးသွားတယ်လို့ ချီကာဂိုရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၆ ရက်နေ့က ပြောပါတယ်။ သေဆုံးသွားသူ အသက် ၅၅ နှစ်အရွယ် ဘတ်တီဂျုံး (Bettie Jones) နဲ့ အိမ်နီးချင်း အသက် ၁၉ နှစ်အရွယ် ချီကာဂိုတက္ကသိုလ်ကျောင်းသားတို့ ၂ ဦးလုံး အမေရိကန်လူမည်းတွေဖြစ်ကြပြီး အခင်းဖြစ်ပွားရတဲ့ အကြောင်းရင်းကို စတင်စုံစမ်း စစ်ဆေးနေပြီလို့ ချီကာဂိုမြို့တော်ဝန်က ပြောပါတယ်။ သေဆုံးသွားသူ ဘက်တီဂျုံးရဲ့ ၀မ်းကွဲတော်စပ်သူကတော့ ဘက်တီဂျုံး သေဆုံးမှုအတွက် တရားမျှတမှုကို တောင်းဆိုနေပါတယ်။ ချီကာဂိုရဲတပ်ဖွဲ့ဟာ အမေရိကန် လူမည်းတွေအပေါ် အင်အားအလွန်အကျွံသုံးမှုနဲ့ လတ်တလော အမေရိက န် ဗဟိုတရားရေးဌာနရဲ့ စုံစမ်းစစ်ဆေးမှု ခံနေရတာပါ။ ၂၀၁၄ ခုနှစ်ကလည်း အသက် ၁၇ နှစ်အရွယ် လူမည်းတဦးကို လူဖြူရဲအရာရှိတဦးက သေနတ်နဲ့ အနီးကပ် ၁၆ ချက် ပစ်ခတ်ခဲ့ပြီး အမှုကို ဖုံးကွယ်ထားခဲ့တဲ့နောက်ပိုင်း အခုလို စစ်ဆေးခံနေရတာပါ။ အဲဒီ ပစ်ခတ်မှုဗွီဒီယို ထွက်ပေါ်လာအပြီး ချီကာဂိုရဲချုပ်ကိုလည်း မြို့တော်ဝန်က ရာထူးက ဖြုတ်ချခဲ့ပါတယ်။
7 years Ago
Up