အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ ပီဇာပြတိုက်တစ်ခု ဖွင့်လှစ်နိုင်တော့မယ်လို့ canoe.com သတင်းမှာ ဖော်ပြပါတယ်။
ဒီပြတိုက်ဟာ ချီကာဂိုမြို့ရဲ့ ဆောက်လုရပ်ကွက်မှာ ဖွင့်လှစ်မှာဖြစ်ပြီး အောက်တိုဘာလကုန်ပိုင်းအထိ ဒါမှမဟုတ် အဲဒီထက်လည်း ပိုမိုကြာမြင့်နိုင်တယ်လို့Chicago Tribute သတင်းမှာ ဖော်ပြပါတယ်။
ဒီပီဇာပြတိုက်က အခုမှစတင်တာတော့မဟုတ်ပါဘူး။ အမေရိကန်ပီဇာပြတိုက်ကို ၂ဝ၁၅ ခုနှစ်ကတည်းက စတင်ဖန်တီးခဲ့တာဖြစ်ပေမယ့် အများသောအားဖြင့်တော့ အွန်လိုင်းမှာသာ လုပ်ငန်းဆောင်ရွက်ပြီး pop-up ပုံစံမျိုးနဲ့သာ လည်ပတ်ခဲ့တာဖြစ်ပါတယ်။
အခုချိန်မှာမှ အဆောက်အဦနဲ့ စနစ်တကျစတင်ပြသတာဖြစ်ပြီး လက်ရှိနေရာက စတုရန်းပေ ၃ဝဝဝ လောက်ရှိတောကြောင့် ပီဇာနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေနဲ့ အမေရိကန်နိုင်ငံအတွင်းက ပီဇာထုတ်လုပ်သူတွေအကြောင်းကို ကောင်းမွန်စွာ ရှင်းလင်းပြနိုင်တော့မယ်လို့ ပြတိုက်ကို တည်ထောင်သူ ကန်ဒဲလ်ဘန်းစ်ကပြောပါတယ်။
ပြတိုက်ထဲ ပြသမယ့်အရာတွေမှာ ပီဇာအရုပ်တွေ ပါဝင်တဲ့ အဝတ်အထည်တွေ၊ မီနူးတွေ၊ မှတ်တမ်းတွေနဲ့ အရုပ်တွေပါဝင်မယ်လို့လည်း ဘန်းစ်ကပြောပါတယ်။
ဒီပြတိုက်ကို အခမဲ့ ဝင်ရောက်လေ့လာနိုင်မှာ ဖြစ်ပေမယ့် အချိန်ပိုင်း လက်မှတ်တွေတော့ လိုမယ်လို့လည်း သူကဆိုပါတယ်။
ဒီပြတိုက်ဟာ အပြင်ကစားသောက်ဆိုင်တွေလို ပီဇာရောင်းချမှာမဟုတ်ပေမယ့် အနီးအနာမှာ ရှိတဲ့ဆိုင်တွေနဲ့ အစားအသောက်ရောင်းတဲ့ ကားတွေကနေတော့ ဝယ်ယူစားသောက်ဖို့ ခွင့်ပြုထားတယ်လို့လည်း သတင်းမှာ ဖော်ပြပါထားပါတယ်။
5 years Ago