ချဲလ်ဆီးအသင်းဟာ အာဆင်နယ်ကစားသမား ချိန်ဘာလိန်ကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီလို့ သိရပါတယ်။
အသက် ၂၄ နှစ်ရှိ ချိန်ဘာလိန်ကို အာဆင်နယ်အသင်းက တပတ် ပေါင် ၁ သိန်း ၈ သောင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့တာပါ။
ချဲလ်ဆီးအသင်းအနေနဲ့ အင်္ဂလန်အသင်းရဲ့ နိုင်ငံတကာပွဲစဉ်တွေ ကစားအပြီးမှာ ချိန်ဘာလိန်ကို အပြီးသတ် စာချုပ်ချုပ်ဆိုမယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းမှာ တခြားကစားသမားတွေလည်း အသင်းကနေ ထွက်ခွာဖို့ရှိနေပြီး နောက်ခံလူ ကီရန်ဂစ်ဘ်လည်း ဝတ်ဖို့ဒ်အသင်းဆီ ပေါင် ၇ သန်းနဲ့ ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။
ဒါ့အပြင် ဂျာမနီနောက်ခံလူ မူစတာဖီကိုလည်း အင်တာမီလန်အသင်းဆီ ရောင်းချဖို့ရှိနေပြီး အဓိက တောင်ပံတိုက်စစ်မှူး ဆန်းချက်ဇ်လည်း အသင်းကနေ ထွက်ခွာခွင့် တောင်းဆိုထားတယ်လို့ သိရပါတယ်။
5 years Ago