ချယ်ဆီးနည်းပြ

April 6, 2016

ချဲလ်ဆီးနည်းပြသစ် ကွန်တီကို ဆိုင်းငံ့ထောင်ဒဏ် ၆ လ ချမှတ်ရန် အီတလီတရားလိုများ ဆန္ဒရှိ

ချဲလ်ဆီးနည်းပြသစ်အဖြစ် တာဝန်ယူထားတဲ့ ကွန်တီကို ဆိုင်းငံ့ထောင်ဒဏ် ၆ လနဲ့ ယူရို ၈၀၀၀ ဒဏ်ငွေဆောင်ဖို့ အီတလီ တရားလိုတွေက အလိုရှိနေတယ်လို့ သူ့ရှေ့နေက ပြောပါတယ်။ ၂၀၁၁ ခုနှစ်မှာ အီတလီ စီးရီးဘီက ဆီရီနာအသင်းကို တာဝန်ယူစဉ် ပွဲစဉ်ဇယား ရေးဆွဲရာမှာ ပါဝင်မှုနဲ့ ပတ်သက်တယ်ဆိုပြီး ခရိုမိုနာမြို့က တရားလိုတွေက စွပ်စွဲထားတာ ဖြစ်ပါတယ်။ ဧပြီ ၁၁ ရက်နေ့မှာ တရားရုံး နောက်ဆုံးလျှောက်လဲချက်ကို ကွန်တီက တင်သွင်းရမှာဖြစ်ပြီး မေလ အလယ်ပိုင်းမှာ ပြစ်ဒဏ်ချမှတ်မှာ ဖြစ်ပါတယ်။ ကွန်တီကတော့ တစုံတရာ အမှားအယွင်း မလုပ်ဆောင်ခဲ့ဘူးလို့ ဆိုပါတယ်။ အီတလီ ဘောလုံးအဖွဲ့ချုပ်ကတော့ ၂၀၁၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကွန်တီအပေါ် တားမြစ်မှုတွေ ချမှတ်ထားခဲ့ပြီး ဖြစ်ပါတယ်။ ယူရို ၂၀၁၆ ပွဲစဉ်မှာ အီတလီအသင်း နည်းပြအဖြစ် တာဝန်ယူပြီးရင်တော့ ကွန်တီက ချဲလ်ဆီးအသင်းနည်းပြ ဖြစ်လာမှာပါ။ လက်ရှိ စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး ချဲလ်ဆီးအသင်းကတော့ တစုံတရာ မှတ်ချက်ပေး ပြောဆိုခဲ့ခြင်း မရှိပါဘူး။
6 years Ago
Up