ချမ်း​အေးသာစံမြို့နယ်​တွင် ​နေအိမ် ၄ လုံး မီး​လောင်

July 18, 2019

ချမ်း​အေးသာစံမြို့နယ်​ ရဲတပ်ဖွဲ့မှူးအပါအ၀င် ၄ ဦးကို ရုံးထုတ်၊ တရားလိုကို စစ်ဆေး

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ချမ်း​အေးသာစံမြို့နယ်​ ရဲတပ်ဖွဲ့မှူးအပါအ၀င် ၄ ဦးအမှုနဲ့ ပတ်သက်ပြီး တရားလိုဘက်ကို မန္တ​လေးခရိုင်တရားရုံးမှာ ဒီကနေ့  စစ်ဆေးပါတယ်။ မန္တ​လေးမြို့ ချမ်း​အေးသာစံမြို့နယ်မှ မြို့နယ်​ရဲတပ်​ဖွဲ့မှူး ရဲမှူးသိန်းနိုင်​၊ ယခင်​စခန်းမှူး​ဟောင်း ဖြစ်တဲ့ ရဲအုပ်​​ကျော်​သူနဲ့ အမှုစစ်​အရာရှိတွေဖြစ်တဲ့ ဒုရဲအုပ်​ ထွန်းထွန်းလင်း၊ ဒုရဲအုပ်​ ​ကျော်​နိုင်​ဦး တို့ကို အဂတိလိုက်​စားမှု တိုက်​ဖျက်​​ရေးဥပ​ဒေနဲ့ အမှုဖွင့်​ထားတာပါ။ ဒီကနေ့မှာတော့ တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးရေးမှူး ဦးအောင်မြင့်ဇော်ထံက စစ်ချက်ရယူခဲ့တာလည်းဖြစ်ပါတယ်။ "လောလောဆယ်တော့ ဘာမှ မပြောချင်သေးပါဘူး။ ပြီးတော့မှ ပြောမယ်၊လောလောဆယ် ဘာမှ ပြောစရာမရှိဘူး'' လို့ တရားစွဲဆိုခံထားတာ ရဲမှူးသိန်းနိုင်က တရားခွင်ကို သွားရောက်စဉ် သတင်းသမားတွေရဲ့ မေးမြန်းမှုအပေါ် ဖြေကြားပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃) နယ်မြေရဲစခန်းမှာ တိုင်ကြား ခဲ့တဲ့ (ပ)၃၄၉/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၁၁၄ အမှုကိစ္စနဲ့ ပတ်သက်ပြီး ချမ်းအေးသာစံ မြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်က အမှုကိစ္စ အဆင်ပြေစေဖို့ တရားခံရဲ့ဖခင်ထံကနေ ငွေကျပ် ၂ သိန်း၊ စခန်းမှူး ရဲအုပ်ကျော်သူက တရားခံရဲ့ ဖခင်ထံကနေ ငွေကျပ် ၂ သိန်းနဲ့ အိုးဘိုအကျဉ်းထောင်မပို့ဖို့အတွက် ငွေကျပ် ၂ သိန်းယူခဲ့တယ်လို့ ကော်မရှင်က ဆိုပါတယ်။ ဒါအပြင် အမှုစစ် ဒုရဲအုပ် ထွန်းထွန်းလင်းက တရားခံရဲ့ ဖခင်ထံကနေ တရားခံကို မညှဉ်းပန်းမနှိပ်စက်ဖို့နဲ့ အမှုကိစ္စအဆင်ပြေစေဖို့ ငွေကျပ် ၁ သိန်းခွဲ၊ ဖမ်းဆီးသိမ်းဆည်းထားတဲ့ ဆိုင်ကယ်ပြန်လည်ရရှိဖို့ အတွက် ငွေကျပ် ၂ သိန်းခွဲတို့ကို လက်ခံရယူခဲ့​တယ်လို့ စစ်​​ဆေး​ပေါ်ပေါက်ခဲ့တာကြောင့် အဂတိလိုက်​စားမှု တိုက်​ဖျက်​​ရေး​ကော်​မရှင်​က ထုတ်​ပြန်​​ကြေညာပြီး အမှုဖွင့်လှစ် တရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။ ဒါတင်မက ဒုရဲအုပ် ကျော်နိုင်ဦးဟာ (ပ)၅၁၀/၂၀၁၈ အမှုနဲ့ ပတ်သက်ပြီး တရားခံထံကနေ ရဲစခန်း အာမခံကိစ္စဆောင်ရွက်ရာမှာ အမှုစစ်၊ စခန်းမှူး၊ မြို့နယ်မှူးတို့ကို လက်ဖက်ရည်ဖိုး ပေးဖို့အတွက် ငွေကျပ် ၅၀၀၀ဝိ စီပါ စာအိတ် ၃ အိတ်၊ စုစုပေါင်း ငွေကျပ် ၁၅၀၀၀ဝိ ကို တောင်းခံရယူခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စခန်းမှူး ရဲအုပ်ကျော်သူဟာ (ပ)၆၅၈/ ၂၀၁၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဂ) အမှုနဲ့ ပတ်သက်ပြီး အာမခံပေးဖို့အတွက် တရားခံရဲ့ အကူအညီတောင်းခံမှုအပေါ် သဘောတူညီမှုရယူခဲ့ပြီး ငွေကျပ် ၂၅ သိန်းကို လက်ခံရယူခဲ့ခြင်း၊ အဆိုပါ အမှုပိတ်သိမ်းနိုင်ဖို့အတွက် ငွေကျပ် သိန်း ၁၀၀  တောင်းခံရယူဖို့ အားထုတ်ခဲ့တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်​ပြန်​ထားပါတယ်။ လက်​ရှိမှာ စွပ်​စွဲခံရသူ အရာရှိ ၄ ဦးအနက်​ ရဲမှူးသိန်းနိုင်နဲ့ ရဲအုပ်​ထွန်းထွန်းလင်းတို့ကို ဖမ်းဆီးကာ တရားလိုဘက်ကို စတင်ရုံးထုတ်စစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။ ရဲအုပ်​​ကျော်​သူနဲ့ ဒုရဲအုပ်​​ကျော်​နိုင်​ဦးကကတော့ ထွက်​​ပြေးတိမ်း​ရှောင်​နေဆဲပဲဖြစ်ပါတယ်။ သူတို့ ၄ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ဇွန်​လ ၁၄ ရက်​​နေ့ ည​နေပိုင်းက အဂတိလိုက်​စားမှုတိုက်​ဖျက်​​ရေး​ကော်​မရှင်​က တိုင်​ကြားခဲ့တာလည်း ဖြစ်ပါတယ်။ သတင်း- ထိန်ထိန်လင်း
2 years Ago

March 24, 2019

ချမ်း​အေးသာစံမြို့နယ်​တွင် ​နေအိမ် ၄ လုံး မီး​လောင်

မန္တ​လေးတိုင်း​ဒေသကြီး ချမ်း​အေးသာစံမြို့နယ်​ အောင်​နန်းအ​ရှေ့ ရပ်​ကွက်​ အကွက်​အမှတ်​ ၅၅၇ မှာ မတ်​လ ၂၃ ရက်​​နေ့ည ၁၀ နာရီလောက်က ​နေအိမ်​ ၄ လုံးနဲ့ ဆိုင်​တစီး မီး​လောင်​မှုဖြစ်​ပွားခဲ့ပါတယ်​။ “ကျမတို့က အကယ်​ဒမီဆု​ပေးပွဲကြည့်နေကြတုန်း အုံးက​နဲ့မြည်​သံကြီးကြားလိုက်​ရတယ်​။ အရမ်း​ကြောက်​ဖို့​ကောင်းတယ်​။ ခဏနေ​တော့ မီး​တောက်​​တွေ ထွက်​လာ​တော့ ကျမတို့လည်း မီး မီးလို့ထ​အော်​ကြတယ်​။ ဒါ​ပေမယ့် အဲအချိန်​မှာ​ မီးကအား​ကောင်း​နေပြီ ဘာမှယူချိန်​မရလိုက်​ဘူး” လို့ မီး​ဘေးသင့်ခံရတဲ့ ​ဘေးအိမ်​က အမည်​မ​ဖော်​လိုသူ အမျိုးသမီး​ပြောပါတယ်​။ မီးလောင်မှုဖြစ်စဉ်ကို လယ်​ဗယ်​ သရီးသတ်​မှတ်​ပြီး သံ​န္ဓေ ၅၀၊ အရံ ၁၅၀၊ မီးသတ်​ကား ၅၀​ ရေသယ်​ယဉ်​ ၂၀ စီး၊ အုပ်​ချုပ်​​ရေးယဉ်​ ၂ စီးနဲ့ မီးငြှိမ်းသတ်​နိုင်​ခဲ့ပါတယ်​။ “​လောင်​တဲ့အိမ်​​နောက်​က ကြား​တွေထဲမှဆိုတော့ ​တော်​​တော်လေး မီးငြှိမ်းသတ်​ရတာ ခက်​တယ်​။ အိမ်​က​ လေးလုံးနဲ့ တခြမ်း​လောင်​ နှစ်​လုံးပါ ဂို​ထောင်​လို့ ထင်​တယ်​။ အထဲမှာ ကျွန်းစားပွဲခုံ​တွေ​တော့ မီး​လောင်​ဆုံးရှုံးခဲ့တယ်​” လို့ မန္တ​လေးခရိုင်​ မီးသတ်​ဦးစီးမှူး ဦးထက်​​အောင်​က ​ပြောပါတယ်​။ မီး​လောင်​မှုမှာ ​အိမ်​ရှင်​​ဒေါ်ငြိမ်းငြိမ်း​နေအိမ်​က ​ရေခဲ​သေတ္တာမီးဖြတ်​ဆက်​က အပူလွန်​ကဲရာ က စတင်​မီး​လောင်​ခဲ့တာဖြစ်​ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်း ၄၁ သိန်းကျော်ဖိုးလောက် ဆုံးရှုံးခဲ့ပါတယ်​။ မီး​လောင်​မှု​ကြောင့် မီး​ဘေးသင့်မိသားစုဝင်​ အိမ်​​ထောင်​စု ၈ စုနဲ့ လူဦး​ရေ ၂၄ ဦးကို တက်​မ​တော်​ တာဝန်​ရှိသူတွေနဲ့ သက်​ဆိုင်​ရာတွေက လာ​ရောက်​အား​ပေးစကား ​ပြောကြားခဲ့ပြီး အကူအညီတွေ ​ပေးနိုင်ဖို့ ​​ဆောင်​ရွက်​​နေကြပါတယ်​။ မီး​စတင်​​လောင်​ခဲ့တဲ့ အိမ်​ရှင်​​ဒေါ်ငြိမ်းငြိမ်းကို (ပ-၂၇၉/၂၀၁၉) ပုဒ်​မ ၂၈၅နဲ့ အမှတ်​ ၈ မြို့မစခန်းက အမှုဖွင့်အ​ရေးယူထားပါတယ်။
2 years Ago
Up