ချမ်းမြသာစည်မြို့နယ်တွင်

April 6, 2018

ချမ်းမြသာစည်မြို့နယ်တွင် အချုပ်​သား ၃​ ဦး အချုပ်​ကား​ပေါ်မှ ထွက်​​ပြေး

  မန္တလေးမြို့ ချမ်းမြသာစည်​မြို့နယ်​ မြို့နယ်​တရားရုံးမှာ ဒီနေ့မနက်ပိုင်းက လုယက်​မှုနဲ့အချုပ်​ခံထားရတဲ့ အချုပ်​သားသုံး​ယောက်​ ထွက်​​ပြေးခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။ လုယက်​မူနဲ့အမှုရင်​ဆိုင်​​နေရတဲ့ အချုပ်​သားသုံး​ယောက်ကို မန္တ​လေးဗဟိုအကျဉ်း​ထောင်​ (အိုးဘို) ကနေ မန္တ​လေးတိုင်း​ဒေသကြီး၊ ချမ်းမြသာစည်​မြို့နယ်​ တရားရုံးမှာ အမှုရင်​ဆိုင်​ရဖို့ ဒီနေ့မနက်​ ၁၀ နာရီ​ကျော်ရုံးထုတ်​လာစဉ်​ မြို့နယ်​တရားရုံးအ​ရောက် ​အချုပ်​ကား​ပေါ်မှအဆင်း ​ ထွက်​​ပြေးသွားခဲ့ကြတာပါ။ တာဝန်​ကျရဲတွေ လိုက်​လံဖမ်းဆီးရာ တရားရုံးအနီး ဘုံ​ကျော်​ဘုန်းကြီး​ကျောင်းဝင်းအတွင်း ၂ ​​ယောက်​နဲ့ ချမ်းမြသာစည်​မြို့နယ်​ လူဝင်​မှုကြီးကြပ်ရေးရုံး​ရှေ့ ၁ ​​ယောက်​ ပြန်​လည်​မိခဲ့ပါတယ်​။ ချမ်းမြသာစည်​မြို​နယ်​အမှတ်​ ၁၁ နယ်​​မြေရဲစခန်း တာဝန်​ရှိသူတွေက ပြန်လည်ဖမ်းဆီးမိခဲ့တဲ့ အချုပ်သား ၃ ဦးကို စစ်​​ဆေးမေးမြန်းနေကြတယ်လို့ အခင်းဖြစ်နေရာမှာ ရှိနေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။ အချုပ်သားတွေ ထွက်ပြေးခဲ့မှုနဲ့ ပတ်သက်ပြီး ရဲအုပ်​​ဇော်​မင်းထိုက်​ကို ဒီဗွီဘီက ​မေးမြန်းခဲ့ပေမယ့် ​ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်​။ ထွက်​​ပြေးခဲ့တဲ့ အချုပ်​သားသုံး​ယောက်​ကို ဥပ​ဒေအရ အ​ရေးယူ​ဆောင်​ရွက်​သွားမယ်လို့ သိရပါတယ်။
3 years Ago
Up