ချမ်းမြသာစည်တွင် လက်ဖက်ရည်ဆိုင်အလုပ်သမား ၂ ဦးကို ဓားဖြင့်ခုတ်၍ ငွေလုယူသွား

May 24, 2018

ချမ်းမြသာစည်တွင် လက်ဖက်ရည်ဆိုင်အလုပ်သမား ၂ ဦးကို ဓားဖြင့်ခုတ်၍ ငွေလုယူသွား

  မန္တလေးမြို့၊ ချမ်းမြသာစည်​မြို့နယ်၊ ​၅၆-လမ်း၊ ​အောင်​ဆန်းလမ်း​ထောင့် သန်းတရာ ​လက်ဖက်​ရည်​ဆိုင်မှာ မေ ၂၁ ညက  လူ ၆ ယောက်ဝင်လာပြီး ​စားပွဲထိုး အလုပ်​သမား ၂ ဦးကို​ ဓားနဲ့ခုတ်မှုဖြစ်ပွားခဲ့ပါတယ်။ ​မေလ ၂၁ ရက်​​ ည ၁၁ နာ​ရီကျော်က ​သန်းတရာ လက်ဖက်​ရည်​ဆိုင်​ပိတ်​အပြီး အိပ်​ရာခင်း​နေချိန်မှာ ဆိုင်​ကယ်​ ၂ ​စီး၊ လူ ၆ ယောက်ဝင်​လာပြီး ဘာမှ​ ပြောဆိုခြင်းမရှိဘဲ စားပွဲထိုး ၂ ဦးဖြစ်​တဲ့ ​မောင်​​ကျော်​မင်းနိုင်​နဲ့ ​မောင်​လင်း​နောင်​တို့ကို ဓားနဲ့ဝင်​ခုတ်​ပြီး ဖုန်းနဲ့အတူ​ ငွေ ၁ သောင်း​ကျော်​ကို လုယူထွက်​​ပြေးသွားခဲ့တယ်​လို့ ဓားခုတ်​ခံခဲ့ရတဲ့​ မောင်​မင်း​နောင်​က ​ပြောပါတယ်​။ ကံသာယာမှုခင်းကြိုတင်​ကာကွယ်​​ရေးအင်​အားစု​ ခေါင်း​ဆောင်​ ကိုသန်းထွန်း​လေးက ​“ကျ​နော်​တို့ မှုခင်းကြိုတင်​ကာကွယ်​​ရေးအဖွဲ့ကို ည ၁၂ နာရီ​လောက်​မှာ လှမ်းအ​ကြောင်းကြားခဲ့ တာမို့ ကျ​နော်​တို့အဖွဲ့က သွား​ရောက်​ကူညီစစ်​​ဆေး​ပေးခဲ့ပြီး ၂၂ ရက်​နေ့ ညမှာ ၅၃၊ ရွာလယ်​လမ်းမှာ ​ကောင်​​လေး ၆​ ယောက် ​အရက်​​သောက်​​နေတာကို​ တွေ့လို့​ ခေါ်ယူ စစ်​​ဆေးပြီး ဓားခုတ်​ခံရသူ​တွေကို ဒီ ၆ ယောက်ထဲမှာ ဓားနဲ့ ဝင်​ခုတ်​တဲ့သူ​တွေ ပါလားလို့ မေးမြန်းတော့ ပါတယ်​လို့​ ပြောတဲ့အတွက်​ ရဲစခန်းကို အပ်​ခဲ့​တယ်”လို့ပြောပါတယ်။ ဒါပေမယ့် အောင်​ပင်​လယ်​ရဲစခန်းက အဆိုပါ ၆ယောက်ကို နောက်ပိုင်းမှာ  ပြန်လွှတ်ပေးခဲ့တယ်လို့လည်း ကိုသန်းထွန်းလေးကပြောပါတယ်။ “တရားခံပါဆိုပြီး ဖမ်းပို့တဲ့လူ​တွေကို​ အောင်​ပင်​လယ်​ရဲစခန်းအ​နေနဲ့ ပြန်​လွှတ်​​ပေးလိုက်​တာဟာ ပြန်​မလွှတ်​သင့်ပါဘူး။ တရားဥပ​ဒေစိုးမိုး​ရေးအတွက်​ ဒီလူ​တွေကို မဖြစ်မ​နေ ဖမ်းဆီးအ​ရေးယူသင့်ပါလျှက်နဲ့ ပြန်​လွှတ်​လိုက်​တာဟာ တရားဥပ​ဒေစိုးမိုး​ရေးကို စိန်​​ခေါ်ရာလည်း ​ရောက်​ပါတယ်​။ ရပ်​ကွက်​ပြည်​သူ​တွေရဲ့ ပူး​ပေါင်း​ဆောင်​ရွက်​မှုကို မ​ထီမဲ့မြင် လုပ်​ရာလည်း ​ရောက်​ပါတယ်​” ​ချမ်းမြသာစည်​မြို့နယ်​ ​အောင်​ပင်​လယ်​နယ်​​မြေရဲစခန်းမှူး ရဲအုပ်​ခင်​​ဇော်​​ကတော့ သန်းတရာလက်ဖက်​ရည်​ဆိုင်​မှာ ဖြစ်​ခဲ့တဲ့ ဖြစ်​စဉ်​နဲ့ပတ်​သက်​ပြီး သံသယရှိတဲ့သူ ၆ ဦးကို​ ခေါ်ယူ​မေးမြန်းစစ်​​ဆေး​နေတယ်လို့ ပြောပါတယ်။ “တရားခံမဟုတ်​တဲ့သူကို တရားခံလို့ စွပ်​စွဲမိခဲ့ရင်​ သူ့ဘက်က အရမ်းကို နစ်​နာမယ်​။ ဒါ​ကြောင့် လုပ်​ထုံးလုပ်​နည်းနဲ့အညီ မျက်​မြင်​သက်​​သေ​တွေကို​ မေးမြန်း​နေသလို ဓားခုတ်​ခံရတဲ့ သူ​တွေကိုလည်း ​မေးမြန်းပြီး အမှုမှန်​ကို အမြန်​ဆုံး​ ပေါ်​ပေါက်​​အောင်​ ​ဆောင်​ရွက်​​နေပါတယ်​။” အဆိုပါ သံသယရှိတဲ့ ၆ ဦးကိုတော့ အပြင်းအထန်နာကျင်စေမှု ဥပဒေ ပုဒ်​မ ၃၂၆၊ အားပေးကူညီထောက်ပံ့မှု ပုဒ်မ ၁၁၄ တို့နဲ့ အမှုဖွင့် ရမန်​ယူထားပါတယ်​။
4 years Ago
Up