ချမ်းအေးသာစံမြို့နယ်တွင် မီးလောင် (ဓာတ်ပုံ)

A d v e r t i s e m e n t With Us

July 8, 2018

ချမ်းအေးသာစံမြို့နယ်တွင် တရုတ်နိုင်ငံသူတဦးထံမှ လုယက်သူကို ဖမ်းဆီး

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်မှာ တရုတ်နိုင်ငံသူ ၁ ဦးထံကနေ လုယက်သူအား ဖမ်းဆီးအရေးယူခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ချမ်းအေးသာစံမြို့နယ်၊၂၈x၂၉ လမ်းကြား၊ ၇၃ လမ်းမှာ ဇူလိုင်လ ၅ ရက် ည ၁၁ နာရီလောက်က တရုတ်နိုင်ငံသူ Mrs. Zhang Demei (၃၆) နှစ်ဟာ ခင်ပွန်း Mr. Li Lin (၄၁) နဲ့အတူ တည်းခိုတဲ့ Grand Central ဟိုတယ်ကို လမ်းလျှောက်ပြန်လာစဉ် မင်းဆက်သာ(ခ) ဆက်လင်းမောင် ၂၁ နှစ်က ဆိုင်ကယ်နဲ့ နောက်ကနေ Mrs. Zhang Demei လွယ်ထားတဲ့ စလင်းဘက်အိတ်အား လုယူခဲ့တာပါ။ ဖြစ်စဉ်နဲ့ပတ်သက်ပြိး Mrs. Zhang Demei က တိုင်တန်းခဲ့တာကြောင့် မင်းဆက်သာ (ဖမ်းမိ) အား ချမ်းအေးသာစံမြို့မရဲစခန်းက (ပ)၄၁၇/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၃ (လုယက်မှုကျူးလွန်ရန် အားထုတ်မှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
3 years Ago

November 12, 2017

ချမ်းအေးသာစံမြို့နယ်တွင်း ငါးမန်း ဂိမ်းလောင်းကစား ပြုလုပ်သူများကို ဖမ်းဆီး

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် အမှတ် ၆ နယ်မြေရဲစခန်းပိုင် အောင်နန်းရိပ်သာအနောက်ရပ်ကွက်က နေအိမ်တလုံးမှာ ငါးမန်းဂိမ်း ဖွင့်လှစ်ပြီး လောင်းကစားပြုလုပ်နေသူတွေကို နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ လောင်းကစားပြုလုပ်သူ အမျိုးသမီး ၁၂ ဦး၊ အမျိုးသား ၂၉ ဦးနဲ့အတူ လောင်းကစားပြုလုပ်တဲ့ ဂိမ်းစက်တွေကို ထိန်းချုပ်တဲ့ သော့ ၆ ချောင်းနဲ့အတူ လောင်းကစားခုံအမှတ်-၁ က မယွန်းစံ(ခ)မယွန်းယွန်းက ဒိုင်အဖြစ်ပြုလုပ်နေပြီးလောင်းကြေးငွေ ၄၂၄၀၀၀ ကျပ်၊ ခုံအမှတ်-၂ က ဒိုင်ဖြစ်သူ မဇင်မာဌေး ဆီက ၃၆၄၀၀၀ ကျပ်၊ ခုံ အမှတ်-၃ က ဒိုင်ဖြစ်သူ မယွန်းမီးမီအောင်ဆီက ၂၅၅၀၀၀ ကျပ်၊ ခုံ ၄ နဲ့ ၅ မှ မဇင်မာဝင်း ဆီက ၆၀၅၀၀၀ ကျပ်၊ ခုံအမှတ်-၆ မစုစုလှိုင် ဆီက ၇၃၀၀၀ ကျပ်၊ လောင်းကစားပြုလုပ်ဖို့ ရောက်ရှိနေသူ မျိုးဇော်ဆီက၂၀၇၅၀ ကျပ်၊ ဆန်သိုးကူးမားဆီက ၁၇၉၅၀၀ ကျပ်၊ မချောစုဆီက ၂၆၀၀ ကျပ်၊ မချယ်ရီဗိုလိဆီက ၂၂၅၀ ကျပ်၊ ညီညီထွန်း ဆီက ၉၀၀ ကျပ်၊ စုစုပေါင်း လောင်းကြေးငွေ ၂၀၁၈၄၅၀ ကျပ်ကို သက်သေတွေရှေ့မှာ သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် လောင်းကစားပြုလုပ်ဖို့ ရောက်ရှိနေတဲ့ မယဉ်ယဉ်ဝင်း၊ မသဲသဲ၊ မသူဇာဝင်း၊ မောင်ထွန်း၊ မမေဇင်၊ အောင်ထွန်း၊ ဝင်းမော်၊ မင်းမင်းဦး၊ သူဇော်ဝင်း၊ ထွန်းဝေ၊ သိန်းစိုးနဲ့ ကျော်ထွေး တို့ကိုလည်း လောင်းကစားပြုလုပ်မှုနဲ့  အမှတ်(၆)နယ်မြေရဲစခန်းက ဖမ်းဆီးခဲ့ပါတယ်။ ငါးမန်းဂိမ်းလောင်းကစားရာမှာ အသုံးပြုသည့်ဂိမ်းစက် ၅ လုံး၊ အကောင်ထိုးဂိမ်းစက် ၁ လုံး၊ UPS အနက်ရောင် ၆ လုံး၊ ထိုင်ခုံ ၄၆ လုံး၊ RATO/R 7000 DxL တရုတ်မီးစက် ၁ လုံး၊ CHANH HONG. အမျိုးစား မီးစက် ၁ လုံးနဲ့ အနက်ရောင်လွယ်အိတ် ၅ လုံး တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး  အမှတ် (၆)နယ်မြေရဲစခန်းက လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က) နဲ့ အမူဖွင့်အရေးယူထားပါတယ်။
3 years Ago
Up