ချမ်းအေးသာစံမြို့နယ်

September 29, 2017

ချမ်းအေးသာစံမြို့နယ်ဘုရားပွဲတွင် ပေါက်ကွဲမှုဖြစ်ပွား၊ လူ ၁ ဦးဒဏ်ရာရ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၇၄ လမ်း၊ ၂၉ × ၂၈လမ်းကြား ပတ်ကုန်းဝန်းကျင်ရပ်ကွက်မှာ ကျင်းပနေတဲ့ ဘုရားပွဲတော်အတွင်း ရပ်ထားတဲ့ ဆိုင်ကယ်တစ်စီးမှ မနေ့ည ၉ နာရီကျော်မှာ  ပေါက်ကွဲမူဖြစ်ပွားပြီး လူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဗုံးကျွမ်းကျင်သူတွေနဲ့ စစ်ဆေးခဲ့သလို မန္တလေးတိုင်းဒေသကြီး နယ်လုံ ဝန်ကြီးကိုယ်တိုင် လာရောက်စစ်ဆေးခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ချမ်းအေးသာစံမြို့နယ်ရဲစခန်း၊ အမှတ် ၈ ရဲစခန်းနဲ့ တိုင်းရုံးကို ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။ ရဲသတင်းတပ်ဖွဲ့တာဝန်ရှိသူတွေကို မေးမြန်းရာမှာတော့ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စိစစ်နေ ဆဲဖြစ်ပြီး ပေါက်ကွဲစေတတ်သော ၀တ္ထုပစ္စည်းများ အက်ဥပဒေပုဒ် ၃ နဲ့အမှုဖွင့်ထားတယ်လို့ ဒီဗွီကို ပြောပါတယ်။ ဓာတ်ပုံ-အိမ်ခိုင်မြဲ
4 years Ago
Up