တရုတ်နိုင်ငံမှာ ဆောင်းရာသီရောက်လာရင် အများစုက အနွေးထည်အကျီင်္ိတွေကို ဝတ်ဆင်ကြပေမယ့် အသက် ၇၂ အရွယ် အဖိုးအိုကတော့ ဘောင်းဘီတိုပဲဝတ်ဆင်ပြီး အအေးဒဏ်ကိုမမှုဘဲ နေ့စဉ်လေ့ကျင့်ခန်းကို လုပ်ဆောင်နေတယ်လို့ စီစီတီဗွီသတင်းမှာ နိုဝင်ဘာ ၁၃ ရက်နေ့က ဖော်ပြပါတယ်။
သန်မာတဲ့အဖိုးအို ဇန်ဇင်လူက အရင်က စစ်သားတဦးဖြစ်ခဲ့ပြီး ပင်စင်ယူပြီး လွန်ခဲ့တဲ့ ၁၂ နှစ်ကစလို့ လေ့ကျင့်ခန်းကို တနှစ်ပတ်လုံး မှန်မှန်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
သူ့ရဲ့ အထင်ကြီးစရာ တောင့်တင်းသန်မာတဲ့ ခန္ဓာကိုယ်တည်ဆောက်မှုက ဖြတ်သွားဖြတ်လာတွေအတွက် အထင်ကြီးအားကျစရာ ဖြစ်နေရုံသာမက အင်တာနက် အသုံးပြုတွေအတွက်ပါ လေးစားစရာဖြစ်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
“ကျနော့်အသက်က ၂၇ နှစ် ဒါပေမယ့် အသက် ၇၂ နှစ်အရွယ် အဘိုးအိုလောက် ကျန်းမာတောင့်တင်းမှု မရှိဘူး” လို့ ဝီဘိုအသုံးပြုသူတယောက်က ရေးပါတယ်။
နောက်တဦးကလည်း “အသက်ကြီးလာရင် ဒီလိုဘဝမျိုးနေထိုင်တာက သိပ်ကောင်းတယ်” လို့ ရေးထားပါသေးတယ်။
“ပုံမှန်လေ့ကျင့်ခန်းလုပ်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်ဖွယ်ရာတွေကို စားတာ၊ တနေ့ကို ၃ ကြိမ် များများစားတာထက် အစားအသောက်နည်းနည်းနဲ့ အကြိမ်ကြိမ်များများစားတာက ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်တယ်၊ ဒါပေမယ့် ခင်ဗျား ပျော်ရွှင်ဖို့အတွက် အရေးကြီးဆုံးကတော့ နေ့စဉ်နေ့တိုင်း လေ့ကျင့်ခန်းလုပ်တာလို့ ကျနော်ထင်တယ်” လို့ အဘိုးအို ဇန်က ပြောပါတယ်။
ဓာတ်ပုံ - စီစီတီဗွီ
6 years Ago