ချမ်းမြသာစည်တွင် မီးလောင်မှုကြောင့် နေအိမ် ၅ လုံး ပျက်စီးဆုံးရှုံး

September 2, 2018

ချမ်းမြသာစည်တွင် မီးလောင်မှုကြောင့် နေအိမ် ၅ လုံး ပျက်စီးဆုံးရှုံး

မန္တ​လေးတိုင်း ချမ်းမြသာစည်​ မြို့နယ် ​မြို့သစ်​ (၄) ၆၄လမ်း ကံ့​ကော်​လမ်း (ဃ) ရပ်​ကွက်​ မှာ စက်​တင်​ဘာ ၂ ရက်​​နေ့ မနက်​ ၄ နာရီလောက်က အိမ်​ရှင် ​ဦးခင်​​​မောင်​သိန်း အိမ်​မှတဆင့် မီးစတင်​​လောင်​ခဲ့ရာ နေအိမ်​ ၅ လုံး ​မီး​လောင်​ဆုံးရှုံးခဲ့ပါတယ်​။ “မီး မီး မီး ဆိုတဲ့အသံ​တွေဆူညံ​နေမှ ကျမတို့လည်း အလန့်​တကြားထကြည့်မိ​တော့ မီးက​တော်​​တော်​များ​နေပြီး ဘာပစ္စည်းမှမယူလိုက်​ရဘူး ဆိုင်​ကယ်​တစီးပဲ ရလိုက်​တယ်​။ လက်​​တော့​တွေနဲ့ အဝတ်​အစားအိတ်နဲ့ ​ငွေနည်းနည်းတော့ပါသွားတယ်​။ ယူချိန်​ကို မရလိုက်​ဘူး။ တခါမှလည်း ဒီလိုမကြုံဘူးခဲ့ဘူး​တော့ အရမ်းကို​ကြောက်​မိတယ်​လို့ မီးစတင်​​လောင်​ခဲ့တဲ့ အိမ်​​ဘေးကပ်​လျက်​မှာ သူငယ်​ချင်းကိုး ၉ေ​ယာက်​စု​ပေါင်းနေတာ”လို့ ငှား​နေတဲ့ မသန္တာခင်​က​ ပြောပါတယ်​။ မန္တ​လေးတိုင်းမီးသတ်​တပ်​ဖွဲ့မှူး ဦးသန်း​ဇော်​ဦးက​ “အခုမီး​လောင်​တဲ​နေရာကို လယ်​ဗယ်​ ၂ သတ်​မှတ်​ပြီး မီးသတ်​ကား ၅၀​ကျော်​နဲ့ မီးသတ်​​အင်​အား သန္ဓေ ၁၅၀၊ အရန် ၅၀ ​ကျော်​နဲ့ စုစု​ပေါင်း ၂၀၀ ​ကျော်​နဲ့အတူ ရပ်​ကွက်​သူ ရပ်​ကွက်​သား​တွေ ဝိုင်းဝန်းငြိမ်းသတ်​ခဲ့ကြလို့ ကျ​နော်​တို့မီးကို အချိန်​မီ ထိန်းသိမ်းနိုင်​ခဲ့ပါတယ်​။ ​မီးလောင်​ဆုံရှုံးခဲ့ကြတဲ့အိမ်​​တွေက​တော့ ခု​လော​လောဆယ်​​ ခန့်​မှန်းခြေအရ အိမ်​ ၅ လုံး​ ကျော်​မယ် လို့ ထင်​ပါတယ်”လို့ ပြောပါတယ်။ ဆုံးရှုံးမှုတန်​ဖိုးအ​နေနဲ့ ၂၅ သိန်းနီးပါး သတ်​မှတ်​ထားပြီး မီးလောင်​ကျွမ်းရတဲ့ အ​ကြောင်းအရင်းကို စုံစမ်း​နေဆဲဖြစ်ပြီး စတင်​​လောင်​ကျွမ်းခဲ့တဲ့ အိမ်​ရှင် ​ဦးခင်​​မောင်​သိန်းကို​တော့ မီးသတ်​ဥပ​ဒေအရ ပုဒ်​မ ၂၈၅ နဲ့ အ​ရေးယူ​ ဆောင်​ရွက်​ထားတယ်လို့ သိရပါတယ်။
3 years Ago
Up