အာဆင်နယ်အသင်း နောက်ခံလူ ချန်ဘာဟာ တန်းတက် ဖူဟမ်အသင်းဆီ တရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားပါတယ်။
ဖူဟမ်အသင်းနဲ့ ကစားပုံတွေကို ပြီးခဲ့တဲ့နှစ်ကတည်းက ကြည့်ရှုခဲ့ဖူးပြီး အသင်းရဲ့ ကစားပုံကို နှစ်သက် သဘောကျတယ်လို့ ချန်ဘာက ဆိုပါတယ်။
ဒါ့အပြင် နည်းပြကောင်းတဦးလည်း ရှိတာကြောင့် ရာသီသစ်အတွက် စိတ်လှုပ်ရှားမိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ချန်ဘာအနေနဲ့ အင်္ဂလန်ယူ ၂၁ အသင်းမှာ ကစားစဉ်က တွဲကစားဖူးတဲ့ မော်ဆန်နဲ့ အတူ ဖူဟမ်အသင်းမှာ တွဲကစားရဖို့ ရှိနေပါတယ်။
တန်းတက်ဖူဟမ်အသင်းဟာ လာမယ့်ရာသီမှာ တန်းမဆင်းရဖို့အတွက် ကစားသမား စုစုပေါင်း ၆ ဦး အထိ ခေါ်ယူထားပြီး ဂျာမနီတိုက်စစ်မှူး ရှာရယ်ကိုလည်း ခေါ်ယူထားပါတယ်။
5 years Ago