ချန်ပီယံလိဂ် ရိုးမား ၀ - ၂ ရီးရဲလ် (ရုပ်သံဟိုက်လိုက်)

A d v e r t i s e m e n t With Us

February 18, 2016

ချန်ပီယံလိဂ် ရိုးမား ၀ - ၂ ရီးရဲလ် (ရုပ်သံဟိုက်လိုက်)

ဖေဖော်ဝါရီ ၁၈ ရက်က ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပထမအကျော့မှာ ရီးရဲလ်မက်ဒရစ်က ရိုးမားကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ရိုးမားကွင်းမှာ ယှဉ်ပြိုင်တဲ့ပွဲမှာ နှစ်ဖက်စလုံး ထိုးဖောက်ကန်သွင်းခွင့်တွေ ရခဲ့ကြပြီး ဂိုး ရလုနီးနီး အခြေအနေတွေ ဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်း ၅၇ မိနစ်မှာတော့ ဘယ်တောင်ပံက မာဆယ်လို မျှောထိုးပေးတဲ့ ဘောလုံးကို ရော်နယ်ဒိုက ရိုးမားနောက်ခံလူကို လှည့်ပြီး ကန်သွင်းကာ ရီးရဲလ်က ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရပြီး အိမ်ရှင်ရိုးမားအသင်းဟာ တော့တီ၊ ဒီရော့စီ၊ ဂျက်ကို တို့ကို ထည့်သွင်းပြီး တိုက်စစ်ဆင်ကစားခဲ့ပါတယ်။ ပွဲချိန် ၈၆ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေတဆင့် လူစားဝင် ကစားသမား ဂျက်စီက ရီးရဲလ်အတွက် ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။ ပထမအကျော့ အဝေးကွင်းနိုင်ပွဲကြောင့် ရီးရဲလ်အသင်းဟာ နောက်တဆင့်တက်ဖို့ အခြေအနေကောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။
5 years Ago
Up