ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် မန်စီးတီးအသင်းရဲ့ လူစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ ကွင်းလယ်လူ ယာယာတိုရေး မပါဝင်ခဲ့တဲ့အတွက် နည်းပြ ဂွာဒီယိုလာကို ယာယာတိုရေးရဲ့ အေးဂျင့်ဖြစ်သူက ဝေဖန်လိုက်ပါတယ်။
ဂွာဒီယိုလာအနေနဲ့ ယာယာတိုရေး မပါတဲ့ လူစာရင်းနဲ့ ချန်ပီယံလိဂ်ဖလားရခဲ့ရင် ဂုဏ်ပြုစကား ပြောကြားသွားမှာ ဖြစ်ပေမယ့် အောင်မြင်မှုမရခဲ့ရင်တော့ ယာယာတိုရေးကို တောင်းပန်ရမယ်လို့ အေးဂျင့်ဖြစ်သူက ပြောကြားလိုက်တာပါ။
ချန်ပီယံလိဂ် လူစာရင်းမှာ နိုင်ငံခြားသား ကစားသမား ၁၇ ဦးသာ မှတ်ပုံတင်ခွင့်ပြုတာကြောင့် နည်းပြ ဂွာဒီယိုလာက အသင်းရဲ့ ၀ါရင့်ကွင်းလယ်လူ ယာယာတိုရေးကို ချန်လှပ်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင်ဖြစ်တဲ့ ယာယာတိုရေးဟာ နည်းပြဟောင်း ပယ်လီဂရီနီလက်ထက်မှာ ခြေစွမ်းပြခဲ့ပေမယ့် နည်းပြသစ် ဂွာဒီယိုလာ ရောက်ရှိလာချိန်မှာတော့ ပွဲထွက်ခွင့် ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။
ယာယာတိုရေးဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာလည်း အသင်းပြောင်းရွှေ့ဖို့ ဆန္ဒရှိခဲ့ပေမယ့် ဂွာဒီယိုလာက ခွင့်မပြုခဲ့လို့ မန်စီးတီးမှာ ဆက်ရှိနေတာ ဖြစ်ပါတယ်။
4 years Ago